မယ်လ အနီး သောင်းရင်းမြစ်ထဲတွင် ဒီကေဘီအေ အရာရှိများ ပစ်သတ်ခံရ

၂၆ ဇွန် မယ်လ၊                 ၊စောမူးဂေး

DKBA Lt.Colonel and Company Shoot Dead in Mem Moi River

ဒီကေဘီအေတပ်ဖွဲ့ ဝင်များလာရောက်ဆေးကုသခံနေရသည့် မဲဆောက်ဆေးရုံကြီး
ဒီကေဘီအေတပ်ဖွဲ့ ဝင်များလာရောက်ဆေးကုသခံ နေသည့် မဲဆောက်ဆေးရုံကြီး

ယနေ့ နံနက် ၉နာရီအချိန် ခန့် က တိုးတက်သောကရင် ဗုဒ္ဓဘာသာ အဖွဲ့ (DKBA)မှ ဗိုလ်ဆံပြုတ် ခေါ် ဗိုလ်စံ ပြုးနှင့် အဖွဲ့ သည် မယ်လအနီးရှိ သောင်းရင်းမြစ်ထဲတွင် မည်သူမည်ဝါ၏ လက်ချက်မှန်းမသိပဲ ချုံခိုတိုက်ခိုက် ခံရ၍ သေဆုံးသွားသည် ဟု သတင်းရရှိသည်။

ယခုလဆန်း ပိုင်းကတည်းက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၏ အဓိက စခန်းများကို စစ်အစိုးရတပ်များ အကူအညီဖြင့် ဒီကေဘီအေ မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် တိုက်
ပွဲများတွင် ဗိုလ်ဆံပြုတ်မှ အဓိက နေရာမှ ပါဝင်သည် ဟု မြ၀တီရှိ ဒီကေဘီအေ အဖွဲ့ ဝင် တစ်ဦးက
Freedom News Group သို့ ပြောသည်။

ဗိုလ်ဆံပြုတ် နှင့် အဖွဲ့ ဝင် ၁၉ ဦးသည် စက်လှေနှစ်စီးဖြင့် သောင်းရင်းမြစ် အတိုင်း မယ်တန်မှ မြ၀တီရှိ ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းတည် ရှိရာ ရွှေကုက္ကိုလ် ရွာသို့ အလာတွင် မယ်တန် နှင့်မယ်ပကြားရှိ မယ်ကလောဝယ် ဆိုသောနေရာအရောက် တွင် အမည်မသိသေနတ် သမားများ၏ မြန်မာဘက်ကမ်း မှ ချုံခိုတိုက်ခိုက်မှုကြောင့် နေရာတွင်ပင် ဆယ်ဦးထက် မနည်းသေဆုံးသွားသည်ဟု သိရသည်။

ကျန်သူများမှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး မဲဆောက်ဆေးရုံကြီးသို့ တင်ပို့ ထားရာတစ်ဦးမှာ ယနေ့ညနေ အချိန်က ထပ်မံ သေဆုံးသွားခဲ့သည်။ကျန် ၈ ဦးအနက် နှစ်ဦးမှာ မဲဆောက်ဆေးရုံကြီးတွင်ဒီကေဘီအေ အရပ်ဝတ်များ က လုံခြုံရေးတင်းကျပ်စွာယူပေးထားသဖြင့် ရာထူးကြီးမည် ဟု ခန့် မှန်းရကြောင်း ဆေးရုံရှိ မြန်မာ စကားတတ် သော သူနာပြု ဟောင်ဆွေးက Freedom News Group သို့ ပြောသည်။

ဗိုလ်ဆံပြုတ်ဟု နာမည်တွင်သော ဒုတိယဗိုလ်မှုးကြီး စောစံပြုးမှာ ဒီကေဘီအေ အရာရှိများတွင် စစ်ရေးထူးချွန်သည် ဟု နာမည်ထွက် သော်လည်း အပြစ်မဲ့ရွာသား များအား အနိုင်ကျင့် နှိပ်စက်ရာ
တွင် လည်း နှစ်ယောက်မရှိ ဟု သတင်းကြီးသည်။

ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော်နှင့် တိုက်ပွဲ များစတင် ဖြစ်ပွားစဉ် ကတည်းက မဲဆောက် ရှိ ဖဝေါ နှင့် မဲဆောက်ဆေးရုံကြီးတို့ တွင် ဒီကေဘီအေ အဖွဲ့ ဝင် ရှစ်ဆယ် ထက်မနည်း လာရောက် ဆေးကု သမှု ခံယူခဲ့ပြီး ငါးဦးခန့် မှာ သေဆုံးခဲ့သည်။

ဗိုလ်ဆံပြုတ် တို့ ချောင်းမြောင်းပစ်ခတ်ခံရရာ နေရာမှာ မယ်လဒုက္ခသည် စခန်း နှင့် မနီးမဝေးတွင်တည်ရှိသည်။