မိုက်ကယ်ဂျက်ဆင် အသက် ၅၀ အရွယ်တွင်ကွယ်လွန်

၂၆ ဇွန် အယ်အေ၊                    ၊LA TIMES

King of Pop Passes Away

t1wide.michael.jackson.09ကမ္ဘာ့ ဂီတ လော ကတွင် ပေါပ် ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည့် မိုက်ကယ်ဂျက်ဆင်မှာ ဇွန်လ ၂၅ရက်နေ့ ကြာသပတေးနေ့ က ကယ်လီဖိုးနီးယား UCLA Medical Center တွင် ပုံမှန်မဟုတ်သောသွေးလည်ပတ်မှု ကြောင့် ဦးဏှောက်ထဲသို့  အောက်ဆီဂျင် မရောက်သည့် ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ကွယ်လွန် ချိန်တွင် အသက် ၅၀ ရှိပြီဖြစ်သည်။မိုက်ကယ်ဂျက်ဆင် သည်အသက် ၆ နှစ်အရွယ်ကတည်းက အနုပညာလောက သို့ ဝင်ရောက်ခဲ့ပြီး ဖျော်ဖြေရေးစင်မြင့် ပေါ်သို့ တက်ရောက် ခဲ့သူဖြစ်သည်။

မိုက်ကယ်ဂျက်ဆင်၏ အလောင်းကိုရင်ခွဲရုံသို့ သယ်ဆောင်လာစဉ်
မိုက်ကယ်ဂျက်ဆင်၏ အလောင်းကိုရင်ခွဲရုံသို့ သယ်ဆောင်လာစဉ်

ကယ်လီဖိုးနီးယား မီးသတ်တပ်ဖွဲ့ မှနေ၍ ဆေးရုံးသို့ အလျှင်အမြန် တင်ပေးခဲ့သော်လည်းဆေးရုံသို့ ရောက်ပြီး သုံးနာရီအကြာတွင် ဆရာဝန်များက ကြပ်မတ်ကုသ သော်လည်း ကွယ်လွန်ခဲ့သည်။သူကွယ်လွန်ခဲ့သည့်သတင်းကို http://www.tmz.com တွင် ဦးဦးဖျားဖျားဖေါ်ပြခဲ့ရာ ပရိသတ်မှ မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။သူသေဆုံးကြောင်း သတင်းကြားသည် နှင့် သူ့ ကို ချစ်သော ပရိသတ် ထောင်ပေါင်းများစွာမှာ ဆေးရုံရှေ့တွင် လာရောက်စုရုံးခဲ့ကြသည်။

သူကွယ်လွန်ကြောင်းသတင်းကြားသိရသည် နှင့် ပေါပ် ဘုရင်မဖြစ်သူ မက်ဒေါနားက
သည်းထန်စွာ ငိုေ
ကြွးခဲ့ပြီး အဲလိဇဘက်တေလာ နှင့် အဆိုတော် ဂျပ်စတင် တင်ဘာလိခ် တို့ က
လည်း ဖြည်မဆည် နိုင်အောင် ဖြစ်ခဲ့ရသည် ဟု ဆိုသည်။

ဆေးရုံရှေ့က မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်
ဆေးရုံရှေ့က မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်

ကမ္ဘာ့ ဂီတ လောကတွင် သူမတူအောင် နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်ပြီး နိုင်ငံရပ်ခြားဖျော်ဖြေရေးခရီးများထွက် ခွာချိန်တွင် အချို့ နိုင်ငံများက သူ့ ကို နိုင်ငံခေါင်းဆောင် တစ်ဦးနှယ် ဂုဏ်ပြုကြိုဆိုကြသည်။

၁၉၈၂ ခုနှစ်က ထုတ်ဝေခဲ့သည့် သူ့ ၏ ဓာတ်ပြားအယ်(လ)ဘမ်ဖြစ်သော Thriller မှာ ချပ်ရေသန်း၅၀ ကျော်ရောင်းရပြီး ယခု တိုင်အရောင်းရဆုံး အယ်(လ)ဘမ်စာရင်း ၀င်ခဲ့သည်။မိုက်ကယ်ဂျက်ဆင်မှာ မကွယ်လွန်ခင် တွင် ကိုမာကဲ့သို့ ရောဂါတစ်မျိုးကို ခံစားနေရသည်။

သူ၏ သေမှုသေခင်း နှင့် ပတ်သက်၍ လောဇ်ဂျင်းလိစ် ရဲဌာနက စုံစမ်းနေဆဲဖြစ်သည်။မိုက်ကယ်
ဂျက်ဆင် ၏ ဖျော်ဖြေရေးပွဲ စဉ် တစ်ခု ကိုလန်ဒန် တွင် ဇူလိုင်လလယ် ပိုင်း၌ ကျင်းပရန် စီစဉ်ထား
သည်။မိုက်ကယ်ဂျက်ဆင် ၏ ဇနီးဟောင်းဖြစ်သူ လီဆာမာရီပရက်စလေ ကလည်း သူကွယ်လွန်
ကြောင်းကြးသိရသည့်အတွက်များစွာ စိတ်ထိခိုက်မိကြောင်းပြောသည်။

ဂျက်ဆင် သည် ရောခ် အဆိုတော်ပရက်စလေ ကဲ့သို့ ပင် အရွယ်ကောင်းတုန်းအချိန်တွင် ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။

3 thoughts on “မိုက်ကယ်ဂျက်ဆင် အသက် ၅၀ အရွယ်တွင်ကွယ်လွန်

  1. I am so sorry for MICHAEL JACKSON,It’s great loss for the world who love him………

Comments are closed.