မိုက်ကယ်ဂျက်ဆင် ၏ သတင်းများစုစည်းတင်ဆင်မှု

၂ရ ဇွန်  ရန်ကုန်၊                ၊စီအန်အန် ၊တိုင်း(မ်)မဂ္ဂဇင်းနှင့် ရုပ်သံသတင်းများ

Pop Star Death is Mysterious

t1wide.jackson.04.giမိုက်ကယ်ဂျက်ဆင် သေဆုံးရခြင်းနှင့် ပတ်သက်၍ သူပရိတ်သတ်များက သံသယများစွာဖြင့် ပဟေဋိဖြစ်နေ ချိန်တွင် “မူးယစ်ဆေးဝါးကြောင့် ဇီဝန်ကြွေခဲ့ ရခြင်း ဖြစ်သည် ဟု ယခုတစ်ပတ် ထုတ် တိုင်းမ်း မဂ္ဂဇင်းတွင် မေးခွန်းထုတ်ထားရာမှ သူ သေဆုံးခဲ့ရခြင်း နှင့် ပတ်သက်၍ သူ၏ ပရိသတ် ဒွိဟ ဖြစ်ခဲ့ကြသည်။

သူ၏ မိသားစုဝင် များဖြစ်သည့် ဖခင်ဖြစ်သူ ဂျိုးနှင့် သင်းအုပ်ဆရာ ဂျက်ဆီဂျက်ဆင် တို့ ကလည်း မိုကယ် ဖြစ်သူ သေဆုံးရခြင်း နှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း သိချင်ကြသည် ဟု ဆို သည်။သူ၏ အလောင်းအားခွဲစိတ် စစ်ဆေး သူ တို့ ကလည်း ဘာကြောင့် သေဆုံးသည် ကို ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်းမပြုသေးသည့် အတွက် စိုးရိမ် စိတ်ဖြစ်ရသည် ဟုဆိုသည်။

mj 1မိုက်ကယ် ကို နောက် ဆုံးသက်ရှိ ထင်ရှားတွေ့ ရှိခဲ့ရသူ တစ်ဦးဖြစ်သည့် မိသားစု ဆရာဝန် ကွန်ရဒ်မာရေး နှင့် လည်း ဆက်သွယ်မှု မရရှိသေးသည့် အတွက် သူ၏ ဖခင် ဖြစ်သူ ဂျိုးက သားဖြစ်သူမှာ သွေး ရိုးသားရိုး နှင့် သေးဆုံးခြင်း ဖြစ်ပါ့မလား ဟု သံသယ ဖြစ်မိသည် ဟု ဆို သည်။

မိုက်ကယ် ဂျက်ဆင် ဆေးရုံသို့ ပို့ ဆောင်ရန် လာရောက်သည့် အယ်အေ မီးသတ် တပ်ဖွဲ့ မှ လူနာတင်ယာဉ် ရောက်မလာ ခင်ကတည်းက မိုက်ကယ်ဂျက် ဆင်မှာ အသက်မရှုတော့ ဟု UCLA ဆေးရုံအုပ်ကြီးက သတင်းထုတ်ပြန် သော်လည်း အရေးပေါ်ဖုန်းနံပါတ် ၉၁၁ တို့ ဆက်သွယ်ရ မလွယ်ကူခြင်းလူနာတင် ယာဉ် က လမ်းတွင် ၀င်တိုက်မှု ဖြစ်ခြင်းတို့ ကြောင်း မိုက်ကယ်မှာ မသေ သင့် ပဲ သေဆုံးခဲ့ရသည် ဟု သူ၏ ညီမ ဖြစ်သူ အဆိုတော် ဂျက်နက် ဂျက်ဆင် က စီအန်အန် သို့ ပြောသည်။

00221917eae80bafccc317မိုက်ကယ်ဂျက်ဆင် သေမှု သေခင်းနှင့် ပတ်သက်၍ စုံစမ်းနေ သည့် လောစ်ဇင်းဂျလိစ် ရဲ အဖွဲ့ ဝင်
များမှာ ယခု အချိန်ထိ မည်သည့် အချက်အလက်ကို မှ သတင်းထုတ်ပြန် ခြင်းမရှိချေ။

မိုက်ကယ်ဂျက် ဆင် ကွယ်လွန် ခဲ့ခြင်းကြောင့် နိုင်ငံတကာရှိ သူ၏ပရိသတ်များမှာများ စွာယူကြုံးမရဖြစ်ရသည် ဟုဘီဘီစီ သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။လန်ဒန် တွင် မူ အကွက် မြင်သောစီးပွားရေးသမားတို့ က မိုက်ကယ် အမှတ်တရ အင်္ကျီ၊ရင်ထိုးတံဆိပ် နှင့် အမှတ်တရ ပစ္စည်းများကို ထုတ်လုပ် ရောင်းချကြရာ ရောင်းမလောက် ဟုသိရသည်။

မိုက်ကယ်ဂျက်ဆင် က ပရိသတ်များအား ထိုးပေးသော  အမှတ်တရ လက်မှတ် မှာ တန်ကြေး ဒေါ်လာ နှစ်သောင်းထိ ဈေးပေါက်သည် ဟုသိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန် တွင် မိုက်ကယ်က
သူ့ ပရိသတ် တစ်ဦးအား လက်ဆောင်ပေး ခဲ့သည့် ဦးထုပ် မှာ ဒေါ်လာ ငါးသောင်း ဖြစ်ဝယ်မည့်
သူများရှိ နေသည်။47725537

မိုက်ကယ်ဂျက် ဆင်၏ ဈာပနအား သူ ၏ မွေးရပ်မြေ အင်ဒီယာနား တွင်သာ ပြည်နယ်သားများက ပြုလုပ်စေချင်သည့် ဆန္ဒရှိသော် လည်း မိသားစုများက ယခုတစ်ပတ်အတွင်းမည် သည့်နေရာတွင်ပြုလုပ်မည် ကို သတင်းထုတ်ပြန် မည်ဖြစ်သည်။

မိုက်ကယ်ဂျက်ဆင် ဈာပန သတင်းနှင့် ပတ်သက်၍ http://www.michaeljacksonfuneral.org ဆို
သည့် ၀ဘ်ဆိုက် တစ်ခုလည်း ဖွင့်လှစ်ထားရှိသည်။သူကွယ်လွန် ခဲ့ခြင်း နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမားက လည်းများစွာ ယူကျုံးမရ ဖြစ်မိသည် ဟု မိုက်ကယ် ၏ မိသားစု ၀င်များကို ပေးစာတွင် ဖေါ်ပြထားသည်။

သူအားအရူးအမူး ချစ်သည့် ပရိသတ်များက လည်း မိုက်ကယ် မသေ ဟုယုံကြသည်။မည်သို့ ပင်
ဖြစ်စေ နယူးယောက် တိုင်းသတင်းစာကမူ မိုက်ကယ် ၏ နောက်ဆုံးခရီးသည် ၁၉၇၇ ခုနှစ်က
ကွယ်လွန် ခဲ့သည့် အဲဗစ်ပရက် စလေ ၏ ဈာပန နှင့် ၁၉၉၇ ခုနှစ်က သေဆုံးခဲ့သည့် ဒိုင်ယာနာ
၏ ဈာပန တို့ ထက်ပို၍ တိုးမပေါက်အောင်ရှိမည် ဟု ခန့် မှန်းထားသည်။
cebu
မိုက်ကယ်ဂျက်ဆင် ကွယ်လွန် ခြင်းအတွက် အမှတ်တရ အောင့်မေ့ဖွယ် အခမ်းအနားတစ် ခုကိုဖိလစ် ပိုင် နိုင်ငံ စီဘူး မြို့ ရှိ ဗဟို အကျဉ်းထောင် ထဲ၌ ကျင်းပရာ အကျဉ်းးသားများက မိုက်
ကယ် ၏ န်ာမည်ကျော် သီချင်းများဖြင့် သီဆို ဖျော်ဖြေကြသည် ဟု သိရသည်။