နောက်ဆုံးပေါ် ကပ်ရောဂါ မြန်မာနိုင်ငံတွင် တစ်ဦးတွေ့ရှိ လူတစ်ရာ့ရှစ်ဆယ်ကျော် ကိုစစ်ဆေးဆဲ

၂၇ ဇွန် ရန်ကုန် ၊                  ၊ဟိန်းခိုင်ထွန်း

Myanmar Confirms First H1N1 Case

သောကြာနေ့ မွန်းလွဲပိုင်းက  စင်္ကာပူနိုင်ငံမှ ပြန်လာသော ၁၃ နှစ်အရွယ် မိန်းက လေးတစ်ဦးတွင် ၀က်တုပ်ကွေး ဟု ခေါ်ဆိုကြသည့် H1N1 တုပ်ကွေး ဗိုင်းရပ်(စ်)ပိုးတစ်မျိုး ကို တွေ့ ရှိသည် ဟု ယနေ့ ည စစ်အစိုးရ ထိန်း ချုပ် ထားသည့် မြန်မာ့ ရုပ်မြင် သံကြား သတင်းတွင် အတည်ပြုပြောကြားသွား
သည်။

ထိုမိန်းကလေးမှ ညနေ ပိုင်းသူမ၏ဆရာမ ဆီအသွားတွင် အဆက်မပြတ် ချောင်းဆိုးရောဂါ ဖြစ်ပွား၍   ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ည၉ နာရီတွင် တင်ပို့ ခဲ့ရာ ကျွမ်းကျင်
သူများ၏စမ်းသပ်ချက်အရ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကမ္ဘာ့ ကပ်ရောဂါ ဟုကြေညာထားသည့် H1N1 ကိုတွေ့ ရှိခြင်းဖြစ်သည်။

ရောဂါပိုးတွေ့ ရှိသည့် မိန်းကလးငယ်အား သီးသန့် ထားရှိကာ ကုသပေးနေသည် ဟု သိရသည်။သူမနှင့် လေယာဉ် အတူတူ စီးလာသော ခရီးသည် ၉၁ ဦးလေယာဉ် ၀န်ထမ်းများ သူမ၏
မိသားစု နှင့် သူငယ်ချင်း များကို ရောဂါပိုးရှိမရှိ စစ်ဆေးဆဲဖြစ်သည်။

ရောဂါ ကူးစက်ခံထားရသောမိန်းကလေးမှာ မြန်မာ အမျိုးသမီး ဖြစ်သည်။

One thought on “နောက်ဆုံးပေါ် ကပ်ရောဂါ မြန်မာနိုင်ငံတွင် တစ်ဦးတွေ့ရှိ လူတစ်ရာ့ရှစ်ဆယ်ကျော် ကိုစစ်ဆေးဆဲ

  1. ကယ်ပါယူပါအုံးမပြောချင်ဘူး ကိုယ့်ရဲ့ ……….

Comments are closed.