၂၉ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Mafia Wars Hits Rangoon Teenager
ပြီးခဲ့သော စာသင်နှစ်က လျှပ်စစ်မီး ပုံမှန်မလာ ၍ ကျောင်းစာများလေ့လာ၍ မရသော်လည်း စာမေး
ပွဲဖြေဆို ပြီးနောက် အောင်စာရင်းထွက်ရှိသည့် အခါတွင် ဖြေဆိုသောကျောင်းသားများ၏နာမည်
များပါရှိလာ သောကြောင့် ယခုနှစ် ဆယ်တန်းဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားအများစု မှာ ကျောင်းတက် ရန် အတွက် စိတ်အားထက်သက်မှုမရှိတော့ ဟုသိရသည်။
အခြေခံပညာ အထက်တန်းအဆင့် တက်နေ သည့် ကျောင်းသားအများစု မှာ ကျောင်းတက်ချိန်တွင်
စာသင်ခန်း အတွင်းမရှိဘဲ အင်တာနက် ဆိုင်များ နှင့် ဂိမ်းဆိုင်များတွင် သာ အချိန်ဖြုန်းကြသည် ဟု
အထက ၁ လသာမှ ဆရာမတစ် ဦးက Freedom News Group သို့ ပြောသည်။
အင်တာနက် ဆိုင်များ၏ ၀န်ဆောင်မှုသစ်တစ်ခုဖြစ်သည့် ၀ဘ်ဂိမ်းများခောတ်စားလာမှု ကလည်း စာသင်ခန်းထက် ပို၍ ဆွဲဆောင်နိုင်ဖွယ်ရာ အချက်ဖြစ်ခဲ့သည် ဟု ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်
ထားသည့် အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။“ဆိုင်မှာ ဆို အင်တာနက် ၀ဘ်ဆိုတ် ကြည့် တဲ့သူက နည်းနည်း ဂိမ်း၊ချတ် နဲ့ ဗီဒီယို ကြည့် သူတွေ ကခပ်များများ ဟု ထိုသူက သူ့ ဆိုင်
သို့ လာရောက် သည့် စားသုံးသူ များ၏ သဘောကို ပြောပြသည်။
စစ်အစိုးရ၏ တစ်နှစ်တန်း အအောင်ပေးရေး ပညာရေးစနစ်ကြောင့် ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းစာအပေါ်စိတ်ဝင်စားမှု နည်းလာ ခြင်းဖြစ်သည် ဟု ကျောင်းသားမိဘ တစ်
ဦးက သုံးသပ်ပြီး ကျောင်းဆရာမ တစ်ဦးက မူ “စာသင်လည်း အပိုပဲ တက္ကသိုလ် ကဘွဲ့ ရလည်း ဒီလက် မှတ်နဲ့ ဘယ်နိုင်ငံ မှာ မှ အလုပ်မရ ဘူးဆိုတာ သူတို့ သဘောပေါက်နေကြပြီ ထင်တယ် ဟု
ပြောသည်။
Facebook ဟုခေါ်သည့် Social Networking Website မှ Mafia Wars ခေါ်သည့် အဆင့်အလိုက် ပြိုင်ဘက်များဖြင့်ဆော့ရသည့် ဂိမ်းမှာ မြန်မာ နိုင်ငံတွင် လူကြိုက်များနေသည်။ ထို ဂိမ်းမှာ နေ့ စဉ်ရက် ဆက် ဆော့ရပြီး နိုင်ငံတကာ တွင်လည်း လူကြိုက်များသော ဂိမ်းတစ်ခုဖြစ်နေ သည်။
ကျောင်းမတက် ပဲ အင်တာနက် ဆိုင်တွင် အချိန်ဖြုန်းသော ကျောင်းသား အများစုမှာ Face Book ရှိMafia Wars ကို အဆော့များကြသည်ဟု Spider Web မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

(ကျောင်းဆရာမ တစ်ဦးက မူ “စာသင်လည်း အပိုပဲ တက္ကသိုလ် ကဘွဲ့ ရလည်း ဒီလက် မှတ်နဲ့ ဘယ်နိုင်ငံ မှာ မှ အလုပ်မရ ဘူးဆိုတာ သူတို့ သဘောပေါက်နေကြပြီ ထင်တယ် ဟု
ပြောသည်။) ဒီအတွေး က အရမ်း မှားနေ ပါ တယ်… singapore မှာကျောင်းတက် ပီး ပညာနဲ့ အလုပ် လုပ်မယ် ဆို မြန်မာပြည် က ဘွဲ့  လက်မှတ် အသုံး ၀င်ပါတယ်… my sister ဆို စီးပွားရေးဘွဲ့  နဲ့ ကျောင်းတက် တာ သူတို့  ကျောင်း က subject ၄ ခု ဖြေ ၇န် မလို ဘဲ နောက်တစ်တန်း ကို တက်ခွင့်  ရပါတယ်…. ဒါ ဘွဲ့  လက်မှတ် ကြောင့် ပါ….လူငယ်တွေ အမြင် မမှားစေလို ပါ… မလိုဘူးပြော သူများမှာ ကာ ယ လုပ်သားများ ပြောတာဖြစ်မှာပါ….singapore က လစာ ထောင်ကျော် ရနေသော ကိုကို . မမ များကို ဟုတ် မ ဟုတ် မေးကြည့်  ကြပါ….