၂ ဇူလိုင် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Swine Flu Outbreak and Blackout at Burma.

စစ်အစိုးရထိန်းချုပ်ထားသည့် မီဒီယာများမှ မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ခေါ် A(H1N1)ကပ်ရောဂါ ပိုးကူးစက်သူ စင်္ကာပူပြန် ၁၃ နှစ်အရွယ် အမျိုးသမီး တစ်ယောက်သာ ရှိသည် ဟု တရားဝင်ကြေညာ ထားသော် အကြားအမြင်များသော မြန်မာ စာနယ်ဇင်း ဆရာတို့ က သတင်းထုတ်ပြန်ထားသော ပမာဏ ထက် ပိုမည် ဟု ခန့် မှန်းပြောဆိုကြသည်။
ဇွန်လ ၂ရ ရက် နေ့ ညကမြန်မာ့ ရုပ်မြင်သံကြားတွင် ရောဂါကူးစက်ခြင်းခံထားရသူ စင်္ကာပူ ပြန် ၁၃ နှစ် အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးရှိသည် ဟု ကြေညာခဲ့ပြီး ဇူလိုင် ၁ ရက်နေ့ ထုတ် စစ်အစိုးရ သတင်းစာများတွင် ရောဂါကူးစက် ထားခြင်းခံရသူ အမျိုးသမီး နှင့် လေယာဉ် တစ်စီးတည်း စီးလာခဲ့သည် ခရီးသည် ၉၀ ဦးအပါအ၀င် လေဆိပ်ဝန်ထမ်း နှင့် စုစုပေါင်း၂၀၃ ဦးကို ရောဂကူးစက်ခံထားရခြင်းရှိမရှိ စမ်းသပ် စစ်ဆေးနေ ဆဲဖြစ်သည်ဟု ကြေညာထားသည်။
ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံထားရသူများမှာ မြန်မာပြည်တွင်းတွင် စစ်အစိုးရ သတင်းထုတ်ပြန် ထားသော တစ်ယောင်ထက်မက ရှိ နိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။ပြည် တွင်းဝက် တုပ်ကွေး သတင်းအမှောင် ချမှု နှင့် ပတ် သက်၍ စာနယ် ဇင်းဆရာ တစ်ဦးက “ဒီ့ထက် မက ရောဂါကူး စက်ခံထားရတဲ့ သူတွေ ရှိ နိုင်တယ် ။သူတို့ ကိုယ် တိုင် မသိတာ လည်း ဖြစ် နိုင်တယ်။သိပြီးတော့ သတင်းမထုတ် ပြန် တာလည်း ဖြစ်နိုင်တယ်။ကြည့်လေ အခုဆို ဘယ်သတင်း ထောက်ကိုမှ ရန်ကုန် ဆေးရုံကြီး နဲ့ ဝေဘာဂီ ဆေးရုံကြီးကို မှမကပ် ခိုင်းဘူး” ဟုပြောသည်။
ရန်ကုန် ဆေးရုံကြီးရှိ အလုပ်သင် ဆရာဝန် တစ်ဦးက လည်း ရန်ကုန် မှာ ရောဂါပိုးတွေ့ တဲ့ လူနာဆို တော် သေးတယ် ။နယ်တွေ မှာ ဖြစ်နေ တဲ့ လူနာတွေ ဆိုဘယ်သူမှ သိမှာမဟုတ် ဘူး။နောက်ကြားရတဲ့ သတင်းတွေ က နယ်မှာ ၀က်တုပ်ကွေးတွေ ရင် အာဏာပိုင် တွေ က ဖမ်းပြီးသတ်ပစ် တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက် နေတယ် ”ဟုပြောသည်။
ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံရမည် ဆိုးသဖြင့် ရောဂါ ကာကွယ်ရေးမျက် နှာဖုံးဝတ်ဆင် သူများကို လည်း လုံခြုံရေးအဖွဲ့ ဝင်များက ဖယ်ရှားခိုင်းသည် ဟု ရန်ကုန် မြို့ ခံတစ်ဦးက ပြောပြသည်။ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံ ထားရသည့် မိန်းကလေး ငယ်အား သွားရောက် သတင်းယူသူ Weekly Eleven ဂျာနယ် မှ သတင်းထောက် တစ်ဦးမှာ ဖမ်းဆီးးထိန်းသိမ်း ခံထားရသည်။
ထို သတင်းထောက် ကို ရောဂါ ရှိမရှိ ဆယ်ရက် စောင့်ကြည့်ပြီး နောက် ပြန်လွှတ်ပေးမည် ဟု ကျန်းမာရေး ၀န်ကြီး ဒေါက်တာဦးက ပြောသည်။ပြည်တွင်း သတင်းထောက် များမှ ၀က်တုပ်
ကွေးသတင်း ကို အတားအဆီး အနှောင့် အယှက် မရှိပဲ ရရှိဖို့ အလှမ်းဝေနေ ဆဲဖြစ်သည်။
0က်တုပ်ကွေးရောဂါ အတွက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန် ဆေးရုံကြီး နှင့်
ဝေဘာဂီ ကူးစက်ရောဂါ ကု ဆေးရုံ တို့ အပြင် SSC ဆေးရုံ နှင့် အာရှတော်ဝန် ပုဂ္ဂလိက ဆေးရုံးများ ကလည်း ပူးဆောင်ရွက် မှု ပေးသည် ဟုသတင်းရရှိသည်။
ဝက်တုပ်ကွေး ကူးဆက်ခံထားရသူများ အတွက် Tamiflu ဟုခေါ်သည့်ဆေးဝါး ကို ကုလသမဂ္ဂ အဖွဲ့ ကြီးကသာ ထုတ်ဝေပေးသည်။

ဖမ်းပြီး သတ်တယ်ဆိုတဲ့ သတင်းကတော့ မဖြစ်နိုင်ပါဘူးဗျာ။ သတင်းရေးတာ စဉ်းစဉ်းစားစားရေးကြပါ။