၎ ဇူလိုင် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Burma junta blocks UN chief from meeting Aung San Suu Kyi

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က အင်းစိန်ထောင်တွင်း ရုံးတင် တရားစွဲဆို ခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ ဆုံခွင့် ကိုယနေ့ ငြင်းပယ် လိုက်သည် ဟုသိရသည်။
ယမန်နေ့ က မြန်မာ နိုင်ငံသို့ ဘန်ကီမွန်းရောက်ရှိပြီးမကြာမှီမှာ ပင် နေပြည်တော် သို့ သွားရောက်၍မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်ပါတွေ့ ဆုံခွင့်တောင်းခဲ့သည်။
ဘန်ကီမွန်းက တွေ့ ဆုံခွင့်တောင်းသော် လည်း ဒေါ်အောင်ဆန်းစုကြည်အားရုံးတင် စစ်ဆေးနေသဖြင့် တရားစီရင် ရေးကို အနှောင့် အယှက် ဖြစ်မည် ဆိုးသောကြောင့် တွေဆုံခွင့်မပေးဟု အကြောင်းပြန်ခဲ့သည်။
ဘန်ကီမွန်း ၏ မြန်မာ နိုင်ငံ နှစ်ရက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ဆုံမည့် အစီအစဉ်သည် နိုင်ငံတကာမှ စိတ်ဝင်တစားစောင့်ကြည့်နေ သော အစီအစဉ်တစ် ခုလည်းဖြစ်
သည်။ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွှတ်ပေးရန် ဘန်ကီမွန်း က စစ်အစိုးရ ကိုတောင်းဆို ခဲ့သော် လည်းလိုက်လျှော ခြင်းမရှိခဲ့ချေ။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့်မရခဲ့သည့် အတွက် “မိမိ များစွာ စိတ်ပျက်မိပါကြောင်း”ရန်ကုန် လေဆိပ်မှ အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာ နိုင်ငံသို့ ဘန်ကီမွန်း ရောက်ရှိသည့် ဇူလိုင်လ ၃ ရက်နေ့ သည် အင်းစိန်ထောင် တွင်း ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုထားသည့် အမှုကို ဆက်လက် စစ်ဆေး သည့်နေ့ ဖြစ်သော်လည်း ရုံးချိန်း ကို ဇူလိုင် ၁၀ရက်နေ့ သို့ ထပ်မံပြောင်းရွှေ့လိုက်သည်။
နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်အစိုးရအားဖိအား ပေးနေချိန်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာ သော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ပင် လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်မရ ပဲ ပြန်သွားရသည့် အတွက် နိုင်ငံတကာ မိသားစု အနေ ဖြင့် ဒေါသ ထွက် နိုင်ကြောင်း ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမားကြီး တစ်ဦးက Freedom News Group သို့ ပြောသည်။
ဘန်ကီမွန်း၏ မြန်မာပြည် ခရီးစဉ် သည် နိုင်ငံရေး အကျိုးရလဒ် တစ်စုံ တစ်ရာ မရှိ ဟု လေ့လာသူများက ဝေဖန် ဆန်းစစ်ကြသော်လည်း ထိုသို့  စစ်အစိုးရ၏ နိုင်ငံတကာ ခေါင်းဆောင် တစ်ဦးအပေါ်မထီမဲ့ မြင်ပြုမှု၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် လုံခြုံရေးကောင်စီ နှင့် သော်
လည်းကောင်း နိုင်ငံတကာ အဖွဲ့ အစည်း တစ်ခုခု နှင့်သော် လည်းကောင်းထိပ် တိုက် တွေ့ နိုင်
ကြောင်း မြန်မာ့ အရေးလေ့လာ သူများက သုံးသပ်ကြသည်။
ဘန်ကီမွန်း ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း စစ်အစိုးရ ခေါင်းဆောင်များအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ တာဝန် ရှိသူများ တရားဝင် နိုင်ငံရေးပါတီများနှင့် အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့ အစည်းမှ ပုဂ္ဂိုလ် များ နှင့် တွေ့ ဆုံခဲ့သည်။
ယမန် နေ့ ကရောက်ရှိပြီး နှစ်ရက်ကြာနေ ထိုင်ခဲ့သော ဘန်ကီမွန်း၏ မြန်မာ နိုင်ငံ ခရီးစဉ်သည်
ဒုတိယမြောက် ခရီးစဉ် ဖြစ်သည်။ သူ၏ ပထမ ခရီးစဉ် အဖြစ် ၂၀၀၈ ခုနှစ် မေလက မြန်မာနိုင်
ငံတွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးချိန် ကရောက်ရှိခဲ့သည်။
