၅ ဇူလိုင် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Suspected A(H1N1) Case in Insein Prison

နိုင်ငံရေး အကျဉ်းသားများအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ဖမ်းဆီးချုပ်နှောင်ထားရာ ရန်ကုန်မြို့ ရှိ အင်းစိန် အကျဉ်းထောင် တွင် ၀က်တုပ်ကွေးရောဂါပိုး ရှိသူ
တစ်ဦး တွေ့ ရှိရသည် ဟု ယမန်နေ့ စနေနေ့ က ထောင်ဝင်စာတွေ့ ပြီးပြန်လာသော မိသားစု က Freedom News Group သို့ ပြောသည်။
ဝက်တုပ်ကွေး ရောဂါလက္ခဏာ ပိုးတွေ့ ရှိသူမှာ အဆောင် ၁ အချုပ်ဆောင်မှ လူငယ်တစ်ဦးဖြစ်ကြောင်း သူ့ ကို ကနဦးက ထောင်တွင်းဆေးရုံတွင် တင်ထားပြီး ထို့ နောက်ထောင်ဆေးရုံ တစ်ဝိုက် သို့ တာဝန်ကျ ၀န်ထမ်းများပါ ၀င်ရောက်ခွင့် မရတော့ပဲ မည်သည့်နေ ရာသို့ ပို့ လိုက်မှန်း မသိ ဟု ထောင်ဝင်စာ သွားတွေ့ သော မိသားစု က ၎င်းတို့ နှင့် ရင်းနှီးသောတာဝန်ကျ ၀န်ထမ်းတစ်ဦး ၏ ထောင်တွင်း အခြေအနေ နှင့် ပတ်သက် ၍ ပြောဆိုမှု ကို ပြန်ပြောင်းပြောပြသည်။
စနေနေ့  က ထောင်ဝင်စာ သွားရောက်တွေ့ ဆုံသောမိသားစု က “ထောင်နားမှာ လည်း လုံခြုံရေးတွေ ချထားလိုက် တာအများကြီးပဲ ၊ ထောင်နားရောက် ရင် ပြင်ပ မိသားစု တွေ အကုန်လုံးမျက်နှာ ဖုံးစွပ်တွေ အကုန်ဖြုတ်ရတယ်။ ၁ ဆောင်က ၀က်တုပ်ကွေး သတင်းကတော့ ခင်နေ တဲ့ဝါဒါလေး ပြော လို့ သိရတယ်” ဟုပြောသည်။
ဝက်တုပ်ကွေး ရောဂါပိုး ရှိသူ အားစတင် တွေ့ ရှိရာ ၁ဆောင် သည် နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီး ထိန်းသိမ်း ထားရာ တိုက် ၀င်းနှင့် ကပ်လျှက် တည်ရှိသည့် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည် ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
အင်းစိန် ထောင်တွင်းဆေးရုံ၌ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့  ရေကူးဝင်ရောက်ခဲ့သော
ဂျွန် ၀ီလျှံ ယက်တော ရှိသည်။
၁၉၉၀ ပြည့်လွန် နှစ်များက အင်းစိန်ထောင်တွင်း အေဒ်(စ) ရောဂါ ပိုးတွေ့ ရှိသူ အကျဉ်းသားများအားလှို့ ဝှက် သတ်ဖြတ်သည် ဟု သတင်းထွက်ပေါ်ခဲ့သည်။
Freedom News Group မှ စုံစမ်းချက် အရ အင်းစိန် ဆေးရုံကြီးသို့ လွှဲပြောင်းထားသော အကျဉ်း
သားလူနာများတွင် မူ ၀က်တုပ်ကွေး ရောဂါပိုးရှိ နေသူ မပါဟု သိရသည်။ယခင်သီတင်းပတ်က မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါပိုး ရှိသူ တစ်ဦး ကို ဆေးဝါးစောင့်ရှောက်မှု ပေးနေကြောင်း
စစ်အစိုးရ ရုပ်မြင်သံကြားမှ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

၈၈ ပြီးခါစက AIDS ဝေဒနာရှင် တွေ ကိုထောင်ထဲပို့ တာတို့ ဖမ်းပြီးသတ်တာတို့ တကယ်ရှိခဲ့ပါတယ်။အခု အင်းစိန်ထောင် ၆တိုက် ဟာ AIDS ဝေဒနာရှင်တွေ ကို၁၉၉၀ လောက်ကဖမ်းထားတဲ့နေရာပါ။
ဖားကန့် ဘက်မှ တော့ အဲဒီဝေဒနာရှင် တွေကို တ၀တ အမိန့် နဲ့ အကုန်သတ်ပစ်တယ် လို့ မြစ်ကြီးနားထောင်မှာတွေ့ ခဲ့ရတဲ့ တပ်ပြေးတစ်ဦးကပြောပါတယ်။