၆ ဇူလိုင် ဘေဂျင်း၊ ၊USA TODAY
At Least 140 Dead in Clashes in China’s Xinjiang Province

တရုတ်ပြည် အနောက်ပိုင်း မူဆလင် အများစုနေထိုင်သော ဇင်းကျန်းပြည်နယ် မြို့တော် တွင် တနင်္ဂနွေ နေ့ က လူတစ်ထောင် ကျော်ချီတက် ဆန္ဒပြကြရာ ရဲက ပစ်ခတ် နှိမ်နှင်းသဖြင့် အနည်းဆုံးလူ ၁၄၀ ကျော်သေဆုံးပြီး ရှစ်ရာကျော် ဒဏ်ရာရိသည် ဟု ဘေကျင်းမှလာ သော ရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် မွတ်ဆလင် လူမျိုးများမှာ တနင်္ဂနွေ နေ့ က ပြည်နယ်မြို့ တော် အူရမ်ကီ ရှိ အီဒ် ကာ ဗလီ အပြင်ဘက်တွင် စုရုံးပြီး ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့ ၏ ၀ိုင်းရံဖြိုခွင်းခြင်းကို ခံရခြင်းဖြစ်သည်။
တရုတ် အစိုးရ သတင်းဧဂျင်စီ ဆင်ဟွာက ထိုဆန္ဒပြမှုမှာ ပြည်ပရောက် ဇင်းကျန်းခွဲထွက်များ၏
လက် ချက်ဟု စွပ်ဆွဲထားသည်။
တစ်ရက် တည်း လူအသေအပျောက် အများဆုံးဖြစ်သည့် တရုတ်အစိုးရ ၏ ဆန္ဒပြသူ တို့ အပေါ်
နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ရှုံချခဲ့သည်။ ဇင်းကျန်း ပြည်နယ်တွင် ယခင်က ဆန္ဒပြသူများကို တရုတ်အစိုးရက ရက်စက်စွာ နှိပ်ကွပ်ခဲ့ပြီး ယခု ဆယ်စု နှစ် တစ်ခု အတွင်းပထမ ဆုံးအကြိမ်ဖြစ်သည်။
ယမန် နှစ်က တိဘက်ဒေသ ရှိ ဘုန်းတော်ကြီးများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို တရုတ်အစိုးရ က
အသေအပျောက် များစွာဖြင့် ရက်စက် စွာနှိပ်ကွပ်ခဲ့သည်။ဇင်းကျန်းပြည်နယ် ဆန္ဒပြမှုတွင် လူ ၁၄၀သေဆုံးသည် ဟု တရုတ် အစိုးရ က အတည်ပြုသော် လည်းလေ့ လာသူများက နှစ်ရာကျော်ရှိ မည်ဟုပြောသည်။
တရုတ်အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ဇင်းကျန်းပြည် နယ်ရှိ အခြားမြို့ ကြီး နှစ်ခုတွင်လည်း ဆန္ဒပြမှုများဆက်လက် ပေါ်ပေါက်ခဲ့သည်။

လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ။ ဆရာထက် တပည့် လက်စောင်းမထက်ပါစေနဲ့။