၇ ဇူလိုင် လန်ဒန်၊ ၊Freedom News Group
Ulster Honours Burmese Democracy Leader Aung San Suu Kyi

မြောက်အိုင်ယာလန် ရှိ အယ်(လ)စတာ တက္ကသိုလ် က ယနေ့ အင်္ဂါနေ့ တွင်ကျရောက် သော တက္ကသိုလ် ကျောင်းသားများ၏ ဘွဲ့ လက်မှတ်သဘင်ချီးမြှင့်ပွဲ အခမ်းအနားတွင် အင်းစိန်အကျဉ်းထောင် တွင်း ဖမ်းဆီးထိန်းသိမ်းထား ခြင်းခံထားရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အား တက္ကသိုလ် ၏ ဂုဏ်ထူးဆောင် ဥပဒေပါရဂူ ဘွဲ့ အားပေးအပ် ချီးမြှင့် လိုက်သည်။
ထိုဂုဏ်ထူးဆောင် ဆုချီးမြှင့် ပွဲအခမ်းအနားသို့  ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အင်္ဂလန်တွင်ရောက်ရှိနေ သည့် ဒေါ်မရ ရာဇာလင်း က ဆုတက်ရောက်လက်ခံရယူခဲ့သည်။ဆုလက်ခံရယူပြီးနောက် ဒေါ်မရ ရာဇာလင်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ကျေးဇူးတင် စကားပြောကြားပြီးနောက်မြန်မာ ပြည် တွင် စစ်ဗိုလ်ချုပ်များက အာဏာ ဖက်တွယ်ထားမှုကြောင့် အတိုက်အခံနှင့် ဒီမို
ကရေစီ လိုလားသူများမှထောင် တွင်းအကျဉ်းချ ခံထားရပြီး တိုင်းပြည်မှာ လည်း ဆင်းရဲတွင်းနက်
လျှက် ပြဿနာ ပေါင်းစုံကြုံနေရသည် ကို ထည့် သွင်းပြောကြားသွားသည်။
အယ်(လ)စတာ တက္ကသိုလ် ကို ၁၉၆၈ ခုနှစ်တွင် ဗြိတိသျှ ဘုရင်မကြီး ကတည်ထောင်
ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
