၈ ဇူလိုင် လပွတ္တာ၊ ၊ဟိန်းခိုင်ထွန်း
Infant Children Influenza Breakout in Post Cyclone Nargis Region

ယမန် နှစ်က နာဂစ် မုန်တိုင်းတိုက်ခတ်မှု ကိုခံခဲ့ရသည့် ဒေသများဖြစ်သည့် ဧရာဝတီ တိုင်း မြောင်းမြ
ခရိုင် နှင့် လပွတ္တာမြို့ နယ်များတွင် ကလေးသူငယ်များ၌ လွန်ခဲ့သည့် သီတင်းပတ်မှ စ၍ ရာသီအလိုက် ဖြစ်တတ်သည့် သွေးလွန် တုပ်ကွေးရောဂါများဖြစ်ပွာနေကြောင်းသတင်းရရှိသည်။
မြောင်းမြမြို့ တွင်မူ သွေးလွန် တုပ်ကွေးဖြစ်ပွားနေသည့် ကလေးများကို မြောင်းမြ ပြည်သူ့ ဆေးရုံ
ကြီးတွင် တက်ရောက်ကုသခံလျှက်ရှိသည်။ မြောင်းမြ တွင် သွေးလွန် တုပ်ကွေး ဖြစ်ပွားနေ သည့်
ကလေးများတွင် အသက် တစ်နှစ်အောက် ထိပါဝင်ပြီး အချို့ မှာမူ နီးစပ်ရာဆေးခန်းများတွင် ကုသခံလျှက်ရှိသည်။
မြောင်းမြ -လပွတ္တာ ကားလမ်းပေါ်ရှိ နာဂစ် ဒုက္ခသည်များ အတွက် ယာယီစီစဉ်ပေးထားသော မြို့ သစ်တွင် မူ အသက် နှစ်နှစ် ခန့်  ကလေးငယ် ဆယ်ဦးခန့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနေ
သဖြင့် နီးစပ်ရာ NGO များက ဆေးဝါးစောင့်ရှောက်မှု ပေးရသည် ဟု NGO ၀န်ထမ်းတစ်ဦးက Freedom News Groupသို့ ပြောသည်။
လပွတ္တမြို့ နှင့် အနီးတ၀ိုက် ကျေးရွာများတွင် လည်း သွေးလွန် တုပ်ကွေးရောဂါများဖြစ်ပွားနေကြပြီး
တချို့ ရောဂါ ခံစားရသည့် ကလေးများ မှာ လပွတ္တာ မြို့ ပေါ်သို့ လာရောက် ၍ ဆေးဝါးကုသမှုမခံ ယူနိုင်သည့် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း လပွတ္တာ မြို့ ပေါ်တွင် အခြေစိုက်သည့် နယ်စည်းမ
ခြားဆရာဝန်များအဖွဲ့ မှ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောသည်။
ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမှာ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအပါအ၀င် ကရင်ပြည်နယ် ဘားအံမြို့ တော်တွင်လည်းဖြစ်ပွားလျှက်ရှိရာ ဘားအံဆေးရုံကြီးတွင် လည်း နယ်စပ်ဒေသ တိုက်ပွဲများတွင် ဒဏ်ရာရလာ သောစစ်သားများအပြင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေသောကလေးများပါ
လာရောက် ကုသနေသဖြင့် ဆေးရုံတစ်ခုလုံးပြည့် နှက်နေကြောင်း ဘားအံ ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။
မြန်မာ နိုင်ငံတွင် ရာသီ အလိုက်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါများမှာ နှစ်စဉ် ဇူလိုင် နှင့်သြဂုတ်လများတွင် ကလေးငယ်များ၌ ဖြစ်ပွားလေ့ရှိသည်။
