တကျော့ပြန်အီရန်ဆန္ဒပြပွဲများ အစိုးရယန္တယားကိုကိုင်လှုပ်

၁၀ ဇူလိုင် တီဟီရန်၊                   ၊အီရန် ဘလောက်သတင်းများ နှင့် နယူးယောက် တိုင်း မ်

Protesters Look To Restart Street Protest in Iran

ပိုမိုအားကောင်းလာတဲ့ တကျော့ပြန်အီရန်ဆန္ဒပြပွဲ
ပိုမိုအားကောင်းလာတဲ့ တကျော့ပြန်အီရန်ဆန္ဒပြပွဲ

ဇူလိုင်လ ၉ ရက် နေ့ ကစပြီး အီရန် နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေ နဲ့  လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဟာ တကျော့ပြန်ဖြစ် ပေါ်လာခဲ့တာ ကြောင့် ဘာဆစ် လက်နက်ကိုင်အဖွဲ့ နဲ့  ရဲတပ်ဖွဲ့ ဝင်တွေ ကဒီဆန္ဒပြသူတွေ ကို မျက်ရည်ယို ဗုံးတွေ နံပါတ်တုတ်တွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။

မနေ့ က ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ဆန္ဒပြပွဲတွေ ကို ဇွန်လအတွင်းက ဆန္ဒပြပွဲတွေ မှာ ဖမ်းဆီး
ထိန်းသိမ်းခံရပြီး နောက် ဇူလိုင်လ ၉ ရက် နေ့  ကမှ ပြန်လည် လွတ်မြောက်လာကြတဲ့  အီရန်တက္ကသိုလ် ကျောင်းသားကျောင်းသူ တွေ က နှစ်ဆယ့် လေးနာရီ အတွင်းစီစဉ်ခဲ့
ကြတာဖြစ်ပါတယ်။

တီဟီရန် မြို့ မြောက်ပိုင်းမှ ရှိတဲ့ဂီလန် တက္ကသိုလ် နဲ့  အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ထရာဘစ် တက္ကသိုလ် ကကျောင်းသားတွေ ဟာလည်းဆန္ဒပြပွဲ တွေမှာ တီဟီရန် တက္ကသိုလ် ကျောင်းသားတွေ နဲ့ အတူပူးပေါင်းခဲ့ပြီး အီရန် အာဏာရှင် သေဆုံးပါစေ လို့ ကြွေးကျော်ခဲ့ပါတယ်။ကျောင်းသားတွေ ရဲ့ ဆန္ဒပြမှုကို ယခင် သမ္မတ ဟောင်း မိုဟာမက် ခါတာမီ ကထောက်ခံခဲ့ပြီး ပြုပြင်ပြောင်းလဲရေးဝါဒီဟူစိန် မူဆာဗီက လည်း မတရားမှုအတွက် ဆက်လက်တိုက်ပွဲ ၀င်ရမယ်လို့ ဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲများအားကောင်းလာလျှင် အီရန်အစိုးရယန္တယားမကြာမီ ရပ်ဆိုင်းသွားနိုင်
ဆန္ဒပြပွဲများအားကောင်းလာလျှင် အီရန်အစိုးရယန္တယားမကြာမီ ရပ်ဆိုင်းသွားနိုင်

အီရန် အာဏာပိုင်တွေ ကဆန္ဒပြပွဲတွေ ဟာပြီးဆုံးသွားပြီလို့ ထင်မှတ်ထားခဲ့ပေမယ့် အခုလို မမျှော်လင့်တဲ့ အချိန်မှာ တကျော့ပြန် ပေါ်ပေါက်ခဲ့တာကြောင့် အစိုးရအဖွဲ့ အတွင်းမှာ ပါချောက်ခြားမှု တွေကြုံတွေ့ ရတယ်လို့ အီရန် အကြီးတန်း အရာရှိတစ်ဦးက နယူးယောက်တိုင်း မ် သတင်း စာ ကိုပြောပါတယ်။

ဆန္ဒပြသူ တွေ ကို အီရန် သူဌေးတွေ က ရေ ၊စားသောက်စရာ၊ဆေးဝါး နဲ့ လှို့ ဝှက် ဆေးခန်းတွေ အပြင် ဆက်သွယ်ရေး အတွက်ပါ စီစဉ် ပေးခဲ့တာကြောင့် အီရန် အာဏာပိုင်က ဆန္ဒပြမှု တွေ ကို
ပြီးဆုံးအောင် ပြုလုပ်ဖို့ အစိုးရ က သိပ်ကို ခဲယဉ်းနေ တယ်လို့ အီရန် ဘလာက်ဂါတစ်ဦး ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖေါ်ပြထားတဲ့ ဘလောက်မှာ ရေးသားဖေါ်ပြထားပါတယ်။

ဇွန်လ အတွင်းက အီရန်နိုင်ငံမှာ ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာမာဒီနီဂျက်ပဲ ဆက်လက် အနိုင်ရရှတာဟာ မဲခိုးမှု နဲ့ ကလိမ်ကကျစ်ကျမှု ကြောင့် ဖြစ်ကြောင်း ပြည်သူတွေ က
လမ်းပေါ် ထွက်ဆန္ဒပြပြီး အတိုက်အခံ သမ္မတလောင်း မူဆာဗီကို ထောက်ခံခဲ့တာကြောင့် ဘာဆစ်လို့ ခေါ်တဲ့ အစိုးရက လေ့ကျင့်ပေးထားတဲ့ ပြည်သူ့ စစ်အဖွဲ့ ဝင်တွေ ကပစ်ခတ်လို့ ဆန္ဒပြသူ ၁၄၀ ကျော်ထက်မနည်းသေဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဆန္ဒပြပွဲ တွေ မှာ အနည်းဆုံးပြည်သူ သုံးထောင်ကျော် ကိုဖမ်းဆီးပြီးထောင်ထဲ မှာ နှိပ်စက်ညှင်းပန်းမှု တွေ ပြုလုပ်ခဲ့တယ် လို့  လူ့ အခွင့်အရေးအဖွဲ့ တွေ ကဆိုပါတယ်။ဆန္ဒပြပွဲ
တွေပြန်လည်စတင်ကတည်းက မိုဘိုင်းဖုန်းဆက်သွယ်ရေးတွေကို အီရန်အစိုးရကဖြတ်တောက်
ထားတဲ့အတွက် အစိုးရဌာန တွေ နဲ့ ဝန်ထမ်းတွေ မှာပါဆက်သွယ်မှု ခက်ခဲပြီး ယန္တာယားလည်
ပတ်မှု တွေ ရပ်ဆိုင်းလုနီးပါး အထိ ယနေ့ ဆက်လက်ဖြစ်ပေါ်နေတယ် လို့  သတင်းတွေမှာ ဖေါ်ပြ
ထားပါတယ်။

လွန်ခဲ့တဲ့  ဆယ်နှစ် ၁၉၉၉ ခုနှစ်က အီရန် တီဟီရန် တက္ကသိုလ်ကျောင်းသားတွေ ရဲ့ ဆန္ဒပြပွဲ မှာရဲတပ် ဖွဲ့ ကို တက္ကသိုလ် ကိုဝင်စီးပြီး အကြမ်းဖက် ဖြို ခွဲခဲ့ပါတယ်။

One thought on “တကျော့ပြန်အီရန်ဆန္ဒပြပွဲများ အစိုးရယန္တယားကိုကိုင်လှုပ်

  1. သူများနိုင်ငံတွေမှာ သူဌေးတွေ က ဆန္ဒပြသူတွေကို ထောက်ပံ့တယ်. ဒီမှာတော့ တေဇ က ဘောကလပ်ထောင်ပြီး နာမည် အဖတ်ဆည်ဖို့ ပြည်တွင်းပြည်ပ မီဒီယာတွေ ကိုလာဘ်ထိုးတယ် လို့ ညနေက လေထန်ကုန်းမှာ ပြောကြလေရဲ့ 

Comments are closed.