၁၁ ဇူလိုင် ဘန်ကောက်၊ ၊Freedom News Group
Ban to Brief UNSC on Burma
ယခင်သီတင်းပတ်က မြန်မာစစ်စိုးရ ၏ တွေ့ ဆုံခွင့်မပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်မရ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်မှာ ယနေ့ တွင် ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ သို့  သူ၏ မြန်မာ နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သော အစီရင်ခံ စာ အကျဉ်းချုပ်ကို တင်သွင်း
ကြောင်း သတင်းရရှိသည်။
ဘန်ကီမွန်း ကသူ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း စစ်အစိုးရ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် အတိုက်အခံများ အပစ်ရပ်များ အဖွဲ့ များ နှင့် တွေ့ ဆုံခဲ့ခြင်း များကို ထိုအစီရင်ခံစာတွင်
ထည့်သွင်းဖေါ်ပြထားသည် ဟု သိရသည်။
ဘန်ကီမွန်း က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွှတ်ပေးမှု မပြုလျှင် စစ်အစိုးရ၏ ၂၀၁၀ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် စိုးရိမ်ဖွယ်ရာကောင်းလှကြောင်း
ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
