ဟီလာရီ ကလင်တန် တက်ရောက်မည့် ဖူးခက် အာဆီယံ အစည်းအဝေးတွင် မည်သည့် ဆန္ဒပြပွဲမှမလုပ်ရ ဟု ထိုင်းဝန်ကြီးချုပ် အမိန့် ထုတ်

၁၁ ဇူလိုင် ဘန်ကောက်၊                  ၊Freedom News Group

Thailand  Ordered Security Act in Phuket

အာဆီယံ အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ က ဖူးခက်တွင် စတင်လုံခြုံရေးယူနေစဉ် AFP Photo
အာဆီယံ အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ က ဖူးခက်တွင် စတင်လုံခြုံရေးယူနေစဉ် AFP Photo

ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်နေ့ ထိထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ ဖြစ်သော ဖူးခက်၌ ကျင်းပမည့် ၄၂ ကြိမ်မြောက် အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်တို့ တွင် မည်သည့် ဆန္ဒပြပွဲမှ မှမပြုလုပ်ရ ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။

အာဆီယံ ဆယ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများအပြင် အမေရိကန်၊တရုတ်၊ဂျပန် နှင့် ဆယ့်ခြောက်နိုင်ငံမှ ခေါင်းဆောင်များတက်ရောက် မည့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လည်းတက်ရောက်မည် ဖြစ်သည်။

ဖူးခက် နှင့် သုံးမိုင်ပတ်လည် အတွင်း လူစုလူဝေး သို့ မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြသည် ကိုပင် ခွင့် မပြုကြောင်း ထိုင်းကာကွယ်ရေး ၀န်ကြီး ပရာဆစ် ၀ုန်ဆုဝေါင် က အမိန့် ထုတ်ထားသည်။လွန်ခဲ
့သည့် ဧပြီလ က အာဆီယံ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တယား၌ ကျင်းပနေစဉ် အတွင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် လိုလားသည့် အနီရောင် ၀တ်များက အစည်းအဝေးကျင်းပနေ သည့် နေရာသို့  လုံခြုံရေး အတားအဆီးများကို ကျော်ဖြတ်ဝင်ရောက် လာခဲ့ခြင်းကြောင့် ပွဲပျက်ခဲ့ရသည်။

ဖူးခက် ဒေသတွင် ထိုင်းဝန်ကြီးချုပ် အမိန့် ဖြင့် ပြည်တွင်း လုံခြုံရေး ဥပဒေကို ထုတ်ပြန်ထားပြီး ထိုဥပဒေသည် ဇူလိုင် လ၁၀ ရက် နေ့ မှ ၂၄ ရက်နေ့ ထိဖြစ်သည်။

စည်းဝေးပွဲ ကျင်းပမည့် နေရာတွင် ရဲ နှင့် စစ်တပ် အင်အားကို တိုးမြှင့် ချထားပြီး ယနေ့ ထုတ်ပြန်သော လုံခြုံရေး အမိန့် မှာ ဆူပူမှု တစ်စုံတစ်ရာဖြစ်ပါက ရဲ နှင့် စစ်တပ်က အင်အားသုံးပိုင်ခွင့် ရှိသည်။

ထို အစည်းအဝေးသို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး လည်းတက်ရောက်မည်ဖြစ်သည်။ဧပြီလ က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်စဉ် ရွှေ့ဆိုင်း ခဲ့ရသည့် အဆင့်မြင့် အစည်းအဝေး ကို အောက်တိုဘာလတွင် ဘန်ကောက် ၌ ပြန်လည်ကျင်းပမည် ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ် က အစိုးရ ပိုင် ရုပ်သံ NBT သို့ ပြောသည်။