၁၂ ဇူလိုင် ဘန်ကောက်၊ ၊Freedom News Group
Thai PM urges school to send students with flu back home

ထိုင်းနိုင်ငံ တွင် A(H1N1)ရောဂါပိုး ရှိသူ အသက် ၄၅ နှစ်အရွယ်ရှိ အယုဒ္ဓယ မြို့ မှ အမျိုးသမီးတစ်ဦးသေ ဆုံးပြီးနောက် ထိုရောဂါဖြင့် သေဆုံးသူ ၁၈ ဦးပြည့်မြောက် သွားချိန်တွင် ထိုင်းပြည်သူများမှာထိုကပ် ရောဂါနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်များ ၀င်ရောက်ကာ ကျောင်းနှင့် လုပ်ငန်းခွင် သို့ သွားရောက်မှု များ ရပ်ဆိုင်းကုန်သည် ကြသည် ဟု ရုပ်သံလိုင်း အမှတ် ၁၁ ၏ သတင်းအစီအစဉ် တွင် ဖေါ်ပြထားသည်။
ထိုင်းဝန်ကြီးချုပ် က ထိုရောဂါ အတွက် ပြည်သူများ ထိတ်လန့် တုန်မှု ရှိစရာ မလို ဟု ယနေ့ ပြောကြားပြီး ကျောင်း နှင့် လုပ်ငန်းခွင် များသို့ လည်း ပုံမှန် အတိုင်းသွားရောက်ကြရန် တိုက်တွန်းထားသည်။
ဝက်တုပ်ကွေးရောဂါ ကြောင့် ထိုင်းစတော့ ဈေးများလည်းကျဆင်းကုန်ပြီး ပြည်သူများ၏ စားသုံးမှုမှာလည်း ကျဆင်းသွားသည် ဟု ယနေ့ ထုတ် ဘန်ကောက် ပို့ (စ်) သတင်းစာတွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံ ၏ ပထမ ဦးဆုံး ၀က်တုပ်ကွေးရောဂါ ကူးစက် မှုကြောင့် သေဆုံးရမှု မှာ မေလ ၁၂ ရက်နေ့  ကတည်းက ဖြစ်သည်။နိုင်ငံတွင်း နောက်ဆုံပေါ်ကပ်ရောဂါ ပိုးရှိသူမှာ လည်း ဇူလိုင်လ ၁၂ရက် နေ့ က ၂၅၀ ပြည့်မြောက်သွားပြီ ဖြစ်ပြီး အယောက် လေးထောင် နီးပါး ထပ်မံကူးစက် နိုင်သည် ဆိုထားသည်။
၁ရ ယောက် မြောက်သေဆုံးသူ ခဲ့သူ အမျိုးသမီး တစ်ဦးမှာ ဘန်ကောက်မြို့ရှိ အင်တာနက် ကဖေးဆိုင်တွင် အလုပ်လုပ် သော အမျိုးသမီး တစ်ဦး ဖြစ်သဖြင့် အစိုးရမှ ဇူလိုင် ၁၃ ရက် မှ ၂၈ ရက်နေ့ ထိ အင်တာနက် ကဖေး နှင့် ကျူရှင် ကျောင်း နှစ်ထောင် ကျော်ကို ပိတ်ထားရန် ညွှန်ကြားခဲ့သည်။
ဝက်တုပ်ကွေး ကူးစက်မှု နှန်း ထိုင်းနိုင်ငံ တွင် ပိုမို မြင့်မားလာပါက ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင်ပညာ သင်ကြားနေ သည့် မြန်မာ ကျောင်းသားများ လည်း ပြည်တော် ပြန် နိုင်ကြောင်း သမာဆတ် တက္ကသိုလ် တွင် ပညာ သင်ကြားနေသည့် မြန်မာကျောင်း သား ကိုအောင်ထွန်း နိုင်က Freedom News Group သို့ ပြောသည်။

Eng to Burmese Dictionary – http://www.slingfile.com/file/TNvQg5BW4F