ဖားကန့် မြေပြို မှုကြောင့် အခက်အခဲ ဖြစ်နေ သူများကို ကုလ ကူညီ်

၁၂ ဇူလိုင် ရန်ကုန် ၊                 ၊ဟိန်းခိုင်ထွန်း

UN responding to deadly landslide in Myanmar

UN-blue-low-resလွန်ခဲ့သည့် သီတင်းပတ်က မြန်မာ နိုင်ငံမြောက်ပိုင်းကျောက် စိမိးထွက်ရှိ ရာနယ်မြေဖြစ်သည့် ဖား
ကန့် ဒေသတွင် ရေကြီး မြေပြို မှု ကြောင့် အိမ်ယာ မဲ့ သွားသူများ နှင့် စားဝတ်နေရေး အခက် အခဲရှိ
သူများကို ကုလ သမဂ္ဂ နှင့် ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် တို့ က ထိရောက်စွာ ကူညီနေပြီ  ဖြစ်
ကြောင်း ယနေ့ ရန်ကုန်ရှိ ကုလ ကိုယ်စားလှယ် ရုံးက သတင်းထုတ်ပြန်သည်။
ဖားကန့် နှင့် လုံးခင် ကျောက်စိမ်းတွင်းများတွင် ရေကြီးမြေပြို မှု များကြောင့် လူ၃၀ ထက်မနည်းသေဆုံးပြီး လူတစ်ထောင် ကျော် အိုးအိမ်မဲ့ ဖြစ်ကာ ၇၀ ခန့်  ထိခိုက် ဒဏ်ရာရမှု ရှိသည်
ဟု မြစ်ကြီးနားရှိ ခရစ်ယာန် သင်းအုပ် ဆရာတစ်ဦး က Freedom News Group သို့ ပြောသည်။

ရေကြီးမြေပြို မှု ကြောင့် မြစ်ကြီးနားရှိ ခရစ်ယာန် မိတ်သဟာယ အဖွဲ့ များက သွားရောက် ကူညီရန်
စီစဉ် ထားသော်လည်း သက်ဆိုင်ရာ နယ်မြေ အာဏာပိုင် များ က မြေပြိုမှု များဆက် လက် ဖြစ်ပွားနေ သည် ဟု ဆိုကာ သွားရောက် ခွင့်မပြု ဟု သိရသည်။

ကချင် ပြည် နယ်တွင် ရှိသော ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ က ထိုဒေ သတွင် လိုအပ်မည့် ဆေးဝါး နှင့် ကျန်းမာရေး စောင့် ရှောက် မှု ပစ္စည်းများကို အာဏာပိုင်များက တစ်ဆင့် ပေးအပ်သွားပြီ ဖြစ်သည်။

ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် ကမူ ဥရု ချောင်း ဘေး တ၀ိုက် ရှိ ရေကြီးမှု ဒဏ် ခံရသူများအတွက်
အစား အသောက် နှင့် ဆေးဝါးများကူညီ သွားမည် ဟု သိရသည်။