၁၄ ဇူလိုင် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Myanmar Junta Planning to Amnesty Political Prisoners

စစ်အစိုးရ ၏ ကုလသမဂ္ဂသံ ဦးသန်းဆွေ က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည် ဟု ထုတ်ဖေါ်ပြောကြားသော် လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လည်လွှတ်ပေး
ခြင်းမပြုပါက ရှေ့နှစ် ကျင်းပမည် ဟု ကြေညာထားသည့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ ဟု ပြည်သူများ နှင့် နိုင်ငံတကာ မှ မည်
သည့် အခါမှ ထင်မှတ် မည် မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုး
ချုပ် ဘန်ကီမွန်း က ယနေ့ ပြောကြားသည်။
စစ်အုပ်စု ၏ ကုလသံ က နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည် ဟုပြောသော်
လည်း မည်၍ မည်မျှ ပြန်လွှတ်ပေးလိမ့် မည် ဟုဖေါ်ပြ ထားခြင်းမရှိခြင်းကြောင့် ယခင်အခါ
များကလို ပင် အနည်းအကျဉ်းသာ ပြန်လွှတ်ပေးနိုင် ကြောင်း နိုင်ငံရေးအကျဉ်းသား
ဟောင်း တစ်ဦး ဖြစ်သူ ကို အောင်ထွန်း က Freedom News Group သို့ ပြောသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်စုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထား မှု အပေါ် တွင် နိုင်ငံ
တကာဖိအား များအား လျှော့ပေါ့ သက်ရောက် စေရန် အလို့ ငှာ ထိုကဲ့ သို့  နိုင်ငံရေးအကျဉ်းသားများ အားပြန်လွှတ်ပေး ရန် စီစဉ် သော် လည်း နိုင်ငံရေးလှုပ်ရှားတက်
ကြွသူများ အားဖမ်းဆီး မှု မှာ ရပ်တန့် ခြင်းမရှိသေး ဟု ဗကသ အထွေထွေ အတွင်းရေးမှုး
ကိုထွန်းထွန်း ကပြောသည်။
စစ်အစိုးရ ၏ နိုင်ငံရေးအကျဉ်းသားများ အားပြန်လွှတ်ပေးမည် ဆိုသော အစီအစဉ်သည်
ယခုလ ၃ ရက် နှင့် ၄ ရက် နေ့ က ဘန်ကီမွန်း မြန်မာ နိုင်ငံ သို့ လာရောက် စဉ် စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အားတောင်းဆို ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။
လက်ရှိ မြန်မာ စစ်အစိုးရ ၏ အကျဉ်းထောင် များတွင် နိုင်ငံရေးလှုပ်ရှားသူအယောက် နှစ်ထောင် ထက် မနည်းကို ဖမ်းဆီး ထိန်းသိမ်းထားသည်။စစ်အစိုးရက ဖမ်းဆီးထားသူများအား ၂၀၁၀ ရွေး
ကောက်ပွဲ တွင် ပါဝင် နိုင်ရန် အတွက်ပြန်လွှတ်ပေးမည် ဖြစ်သည် ဟုပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ် ကမူ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမည် ဆိုသော စစ်အစိုး ၏ အစီအစဉ် ကို သံသယ နှင့် စောင့်ကြည့်ရအုံးမည် ဟု ဆိုသည်။ဗြိတိန်၊ပြင်သစ် နှင့်အမေရိကန် တို့ 
ကမူ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရန် တောင်ဆိုထားသည် ။ရန်ကုန်ရှိ အမေရိကန်
သံရုံး ယာယီတာဝန်ခံ ရိုစ်မေရီ အေ ဒီကာလို က ဒေါ်အောင်စုကြည်အား ထပ်မံတရားစွဲ ဆိုထား
ခြင်းသည် အလွန် စိတ်ပျက် ဖွယ်ရာကောင်းသည် ဟု ပြောသည်။
