နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် စစ်အရာရှိ သားသမီးများကို နေပြည်တော်က စာရင်းကောက်ယူ မှုပြု

၁၄ ဇူလိုင် ရန်ကုန်၊                   ၊ယူကွန်

Naypyidaw Worries   Military Officer’s Children Oversea Education

မြန်မာကျောင်းသားအများစုသွားရောက်ပညာသင်ကြားရာ စင်္ကာပူ ပိုလီ တက္ကနစ်ကျောင်း
မြန်မာကျောင်းသားအများစုသွားရောက်ပညာသင် ကြားရာ စင်္ကာပူ ပိုလီ တက္ကနစ်ကျောင်း

နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ် ကိုင်နေသူများ နှင့် နိုင်ငံခြားတက္ကသိုလ် များတွင် ပညာသင် ကြားနေသည့် စစ်တပ် မှ အရာရှိ အဆင့် ရှိသူများ၏ သားသမီးများကို နေပြည်တော်
မှစာရင်းကောက်ယူ မှု ပြုနေကြောင်း သြစတေးလျှ နိုင်ငံတွင် ပညာသင်ကြားနေသော ဗိုလ်မှုးကြီး
တစ်ယောက် ၏ သမီးဖြစ်သူက Freedom News Group သို့ ပြောသည်။

နေပြည်တော် မှ အမိန့် ပေးချက်အရ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက အရာရှိများကို ခေါ်ယူတွေ့ ဆုံကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသော သားသမီး
များရှိပါ က နိုင်ငံအမည်၊ သင်ကြားသည့် ဘာသာနှင့် ကာလအပိုင်းအခြားအပါ အ၀င် အချက်အလက် ဆယ့်ရှစ်ခု ထက်နည်း ပြည့်စုံစွာဖြည့်၍ ပြန်လည် တင်ပြရန် ညွှန်ကြားထားသည်။

နေပြည်တော်မှ စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ စင်္ကာပူ နိုင်ငံတွင် သားဖြစ်သူအား ပညာသင်ကြားရန် စေလွှတ်ထားသည့် ဗိုလ်မှုးအဆင့်ရှိ သူ တစ်ယောက် ၏ အမျိုးသမီးက မူ“နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ကလေးတွေ ကို စာရင်းကောက်တာ ဘာလုပ်မလဲ ဆိုတာတော့
သေချာ မသိဘူး၊သားကိုတောင် အခုမှ ဘာ ဘာသာသင်နေတာလဲ ဘာယ်တော့ပြီးမှ လဲ အခုမှလှမ်းမေးရတာ၊ ထိမ်ချန်ထားတာ တွေ့ ရင်တော့ ဖခင်ကို ရာထူးချမယ်လို့ ကြားတယ်။ ကျွန်မတို့ သားသမီးမှ နိုင်ငံခြားမှာ မဟုတ်ဘူး အခု ဒု ဗိုလ်ချုပ် မြင့်ဆွေ သမီး ဆိုလည်း အမေရိကန် မှာပဲ ”ဟုပြောသည်။

ထိုကဲ့သို့ စာရင်းကောက်ယူခြင်းသည် လတ်တလော တွင် နအဖ ၏ စစ်ဘက်ဆိုင်ရာ သတင်းများ
ပေါက်ကြားနေမှု ကို စီစစ်ရန် အတွက် ဖြစ်နိုင်သည် ဟု ထင်ကြေးပေးမှု များလည်းရှိနေသည်။သြစ
တေးလျှရှိ စစ်အရာရှိ တစ် ဦး ၏ သားဖြစ်သူကမူ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ခြင်း သို့ 
မဟုတ် နိုင်ငံရေးအရ စစ်အစိုးရ လိုလားသော တတိယ အင်အားစု အတွက် ရည်ရွယ်၍ လုပ်ဆောင်
ခြင်းဖြစ်သည် ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် ပညာရေး အဆင့်အတန်းမှာ ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် များစွာခောတ်
နောက် ကျနေမှု ကြောင့် ပိုက်ဆံ တတ်နိုင်သည့် မိဘ အချို့ မှ ၎င်း တို့ ၏ သားသမီးဖြစ်သူများအား
နိုင်ငံရပ်ခြား နိုင်ငံများတွင်သွားရောက် ပညာသင်ကြားရန် စေလွှတ်ထားသည်။ထိုသို့ စေလွှတ်မှုများ
တွင် စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်အရာရှိ သားသမီးများ က အများဆုံးဖြစ်သည်။

3 thoughts on “နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် စစ်အရာရှိ သားသမီးများကို နေပြည်တော်က စာရင်းကောက်ယူ မှုပြု

  1. ကိုဇင် ဆိုတဲ့ပုဂ္ဂိုလ်ကိုတစ်ခုလောက်မေးပါရစေ။
    ခင်ဗျားက ဘာလဲလူမိုက်အားပေးလုပ်ချင်လို့လား။
    ခင်ဗျား ကိုယ်တိုင်ကရောလူမိုက်လား။
    ဒီမယ် ကိုယ့်လူ ငါပြောတာရိုင်းချင်ရင်ရိုင်းလိမ့်မယ်
    ဒါပေမယ့်ငါတို့ ပြည်သူတွေဒုက္ခရောက်နေတာနဲ့ယှဉ်ရင်
    နည်းနည်းလေးပါကွ။ Jelous ?? jealous is true.
    သူငယ်ချင်းကို ကိုယ်ပြောပြမယ် ၁၀တန်းမှာဂုဏ်ထူးတွေ တသီကြီးပါပြီးအဝေးသင်ဘွဲ့ယူရတဲ့လူမျိုးတွေကိုတွေ့ဘူလား.. အဲဒီအဝေးသင်ဘွဲ့တွေ..မြန်မာနိုင်ငံကပေးတဲ့ဘွဲ့ သုံးစားလို့မရတာကောမင်းဘာပြောမလဲ..

    မင်းသေသေချာချာစဉ်းစားပါအုံးကွား. ဟားဟား..

  2. မအေလိုးစစ်အစိုးရ..တိုင်းပြည်ကမွဲနေပြီ..မင်းတို့သားသမီးတွေကျတော့
    ဘာလဲ..နိုင်ငံခြားမှာပညာသင်တယ်ဟုတ်လား..အေးလုပ်ထားလုပ်ထား
    ငါလိုးမသားတွေ..မီးကျမှန်အောင်မပေးနိုင်ဘူး.. နျူးကလီးယားကျဝယ်တယ်..အေးကောင်းရော..

    မင်းတို့ကိုလီးပဲထင်တယ်..ဟိတ်ရောင်တွေ..ရိုင်းတယ်မထင်နဲ့..
    ငါတို့ခံစားနေရတာနဲ့ယှဉ်ရင်နည်းပါသေးတယ်ကွာ..

Comments are closed.