၁၅ ဇူလိုင် ရန်ကုန်၊ ၊ယူကွန်
Burma Capital School May Close Next
A(H1N1) ဟုခေါ်ကြသည့် ၀က်တုပ်ကွေးရောဂါမှာ ရန်ကုန်မြို့ တွင် အစိုးရ ထုတ်ပြန်ထားသော စာရင်း ထက်ပိုမိုများပြားလိမ့်မည် ဟုကျောင်းသားမိဘတို့ က ယုံကြည်ကြသဖြင့် ၎င်း တို့ ၏ သား
သမီးများကို ကျောင်းသို့ မပို့ ပဲ ထားကြရာ စာသင်ခန်းများတွင် ကျောင်းသားဦးရေ နည်းလာသဖြင့်
ခြေခံကျောင်းများကို လတ်တလောပိတ်ထားနိုင်သည် ဟု အခြေခံပညာဦးစီးဌာန ၀န်ထမ်းတစ်ဦးက
Freedom News Group သို့ ပြောသည်။
ကျောင်းသားမိဘများက ၀က်တုပ်ကွေးအပြင် မိုးရာသီတွင် ဖြစ်တတ်သောတုပ်ကွေးရောဂါများ
ကြောင့် ကျောင်းသားမိဘများက သားသမီးများကို ကျောင်းသို့ မပို့ ပဲထားခြင်းဖြစ်သည် ဟုပြော
သည်။အထက (၁) ဒဂုံ တွင် ပညာ သင်ကြားနေသည့် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကမူ“၀က်တုပ်ကွေး ရောဂါဖြစ်နေလို့ ကျောင်းကို မျက်နှာဖုံးစွပ်ပြီးသွားတာပဲ ကျောင်းက
တော့ တိုင်းက ကလေးတွေ မျက်နှာဖုံး တပ်ပြီး မလာရဖူးဆို လို့ မျက်နှာဖုံး မစွပ်ရတော့ ဘူး ဘယ်မိဘ မှ သားသမီး ကို ရောဂါကူးစက်မှ မြင် စေချင်မှာ မဟုတ်ဘူး ဒါကြောင့်မို့ ကလေးကို ကျောင်း မပို့ တော့ ဘူး ဟု ပြုသည်။
အထက (၂) ရန်ကင်းမှ အလယ်တန်းပြ ဆရာမ တစ်ဦးကမူ ကျောင်းတွေ ပိတ်ဖို့ တော့မဖြစ် နိုင်သေးဘူး ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချမယ်ဆိုရင် တော့ အဲဒီမတိုင်ခင်မှာ ကျောင်းတွေ ကို ၀က်တုပ်ကွေး ကို အကြောင်းပြပြီး ပိတ်ထားနိုင် တယ်ဟု ပြောသည်။
