မဲဆောက် ၀က်တုပ်ကွေး ကြောင့် တခ်ခရိုင် ရှိမြန်မာ ဒုက္ခသည်တို့ စိုးရိမ်

၁၆ ဇူလိုင် မဲဆောက်၊                     ၊စောမူဂေး

Burmese Refugees in Thailand Fears on A(H1N1)

မယ်လ ဒုက္ခသည်စခန်းတွင်ပိုးသတ်ဆေးများလိုက်လံဖျန်းပက်နေပုံ
မယ်လ ဒုက္ခသည်စခန်းတွင်ပိုးသတ်ဆေးများလိုက်လံဖျန်း ပက်နေပုံ

ထိုင်းနိုင်ငံ တခ်ခရိုင် မဲဆောက်မြို့ တွင်ဝက်တုပ်ကွေး ရောဂါဖြစ်ပွားသူ လူနာသုံးဦး တွေ့ ရှိခြင်းကြောင့် တခ်ခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းများတွင်နေကြသည့် ဒုက္ခသည်များမှာထိတ်လန့် ကြောက်ရွံ့ လျှက်ရှိကြသည်။

ယနေ့ မနက်က မဲလဒုက္ခသည် စခန်းအတွင်းတွင် ၀က်တုပ်ကွေးရောဂါပိုးရှိသူ တစ်ဦး တွေ့ ရှိထား
သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကမူ ရာသီအလိုက် ဖြစ်တတ်သည့် တုပ်ကွေးရောဂါဝေဒနာရှင်များနှင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေသည့် ကလေးအချို့ သာရှိကြောင်း ပြောကြားသည်။

တခ်ခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းများဖြစ်သည့် နို့ ဖိုး၊အုံးဖျန်နှင့် မယ်လ ဒုက္ခသည်စခန်းတို့ တွင်
A(H1N1) ခေါ်ဝက်တုပ်ကွေးရောဂါပိုးတွေ့ ရှိခြင်းမရှိသော် လည်း စခန်းတွင်းရှိ ဒုက္ခသည် အများစု
မှာ ကြောက်အားပိုလျှက်ရှိသည်။

အုံးဖျန် စခန်းအတွင်းရှိ မြန်မာ ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်စောဦးက “ဒီကမ့်တွေ မှာက ဆေးဝါးလုံ
လောက်မှုမရှိဘူး ရောဂါဖြစ်ရင်လဲ မဲဆောက်မှာ လို ဆေးဝါးစုံတာမဟုတ်ဘူး၊ကမ့်ထဲမှာ ၀က်တုပ်
ကွေးဖြစ်တဲ့လူ ကို အပြင်ထွက် ကုခွင့်မပေးဘူး ဆိုတာကြောင့် ဒီမှာ တော်တော်ကြောက်နေကြပြီဟု
Freedom News Group သို့ ပြောသည်။

မဲလ ဒုက္ခသည် စခန်းတွင်မူ ယနေ့ မှ စ၍ ပိုးသတ်ဆေးမှုတ်စက် များဖြင့် ရောဂါပိုးမွှားနှိမ်နှင်းရေး
ဆောင်ရွက်ချက် တို့ ကိုပြုလုပ်လျှက်ရှိသည်။မြန်မာနိုင်ငံ နယ်စပ်မြို့ မြ၀တီ နှင့် ကပ်လျှက်တွင်တည်
ရှိသော မဲဆောက်တွင် ၀က်တုပ်ကွေးရောဂါပိုးတွေ့ ရှိခြင်းကြောင့် မြ၀တီ နှင့် သင်္ကန်းညီနောင်ရှိဒေ
သခံ အချို့ကလည်းစိုးရိမ် လျှက်ရှိကြသည်။

ထိုင်းနိုင်ငံ တွင် A(H1N1)ရောဂါကြောင့်သေဆုံးရသူ နှစ်ဆယ့် ငါးယောက်ရှိသွားပြီဖြစ်သည်။

One thought on “မဲဆောက် ၀က်တုပ်ကွေး ကြောင့် တခ်ခရိုင် ရှိမြန်မာ ဒုက္ခသည်တို့ စိုးရိမ်

  1. Swine Flu ၀က်တုပ်ကွေးဆိုတဲ့ စကားလုံးကနေ.၊ လူတုပ်ကွေးရောဂါပိုး New Influenza A(H1N1) လို့ တရားဝင်ပြောင်းလဲ ခေါ်ဆိုနေပါပြီ။ လက်ရှိရောဂါဟာ ၀က်ကြောင့်မဟုတ်တော့တာ ဖြစ်တဲ့အတွက်ပါ။ သတင်း တွေအနေနဲ့ အသုံးအနှုန်း စီစစ်ပေးသင့်ပါတယ်။

Comments are closed.