အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်မရ

၁၆ ဇူလိုင် ရန်ကုန်၊                      ၊ယူကွန်

Junta Ignore Late General Aung Sann and  Matyrs’ Day

Matyr Day၆၂ နှစ်မြောက် အာဇာနည် နေ့ အကြောင်း နှင့် အင်းစိန်ထောင်တွင်းဖမ်းဆီးတရားစွဲ ဆိုခံထားရသူ
ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကို စာပေစီစီစစ်ရေး မှ ဖေါ်ပြခွင့် မပေးသဖြင့် ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်
မရ ဟု ရန်ကုန် မြို့ရှိ သတင်းထောက် တစ်ဦးမှ Freedom News Group သို့ ပြောသည်။

ယနေ့ ခောတ်လူငယ်များ အာဇာနည်နေ့  နှင့် ပတ်သက် ၍ သိသည့်သိထိုက် သည်များ ကိုသိရှိရန်
နှင့် ကျဆုံးသွားခဲ့ သည့် အာဇာနည် ၉ ဦး၏ လွတ်လပ်ရေး အတွက် အသက်စတေးခဲ့ရပုံ တို့ ကိုသိရှိ
ရန် ပြည်တွင်းဂျာနယ်တစ်စောင် ကဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာ ဇာနည်များ၏ သတင်းကို
ဖေါ်ပြသော် လည်း စာပေစီစစ်ရေး က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါဝင်သော သမိုင်းဝင် အမှတ်တရ ဓာတ်ပုံများ နှင့် ဗိုလ်ချုပ် အောင်ဆန်းအကြောင်း နှင့် ပြည်သူများ၏ ခံစားချက် အင်တာဗျူး တိုများ
ကို ဖြုတ်လိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း  ၏ သတင်း၊အင်တာဗျူး နှင့် ဓာတ်ပုံကို သူ၏ဂျာနယ်တွင် ထည့် သွင်းဖေါ်ပြခွင့်
မရခဲ့သည့် အယ်ဒီတာက “လွတ်လပ်ရေး အတွက် အသက်စတေးခဲ့ သူတစ်ယောက် သာမဟုတ်ဘူး
မြန်မာ နိုင်ငံရဲ့  တပ်မတော် ဆိုတဲ့ စစ်တပ်ကိုပါ ထောင်သွားခဲ့ တဲ့ လူမို့ လေးစားဂုဏ်ပြုထိုက် ကြောင်း ရေးတာ သူထောင်ခဲ့တဲ့ စစ်တပ် ကပဲ သူ့ အကြောင်းဖေါ်ပြခွင့် မပြုဘူး၊ဘယ်လောက်
ရင်နာစရာကောင်းလဲ ”ဟုသူ၏ ခံစားချက် ကိုပြောသည်။

စာပေစီစစ်ရေးမှ တာဝန်ရှိသူတစ်ဦးကမူ ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် သတင်းဖေါ်ပြချက်များကို အထက်မှ ညွှန်ကြားချက်အရ ယခုကဲ့သို့ ဖြုတ်ရခြင်းဖြစ်သည် ဟုပြောသည်။

One thought on “အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်မရ

  1. အရမ်းရင်နာဖို့ကောင်းတယ်ဗျာ။တပ်မတော် တစ်ခုကိုတည်ထောင်ခဲ့တဲ့ ဖခင်တစ်ယောက်ကို တောင်အသိအမှတ်မပြုတော့ဘူးဆိုတာတော့လွန်နေပြီဗျာ။
    သူတို့ ဗိုလ်ချုပ်ကို အသိမှတ်မပြုနိုင်မှတော့ အာဇာနည်နေ့ဆိုတာကိုပါ မထားနဲ့တော့လို့ ကျနော်ပြောချင်တယ်။ ဒါပေမယ့် ထူးခြားတာက သူတို့ အမှတ်မထားပေမယ့် အဲ့ဒီနေ့ရောက်ရင် မိုးကောင်းကင်ကြီးက အုံ့မှိုင်းနေပြီးတော့ ၀မ်းနည်းတဲ့ ပုံရိပ်ဆောင်နေတာကိုတော့ နှစ်စဉ်နှစ်တိုင်းမြင်ရတဲ့ အရာပါ။ သူတို့ အလေးမထား တန်ဖိုးမထားပေမယ့် သဘာဝတရားဆိုတဲ့ ကောင်းကင်ကြီးကတော့ အလေးထားပြီး လေးစားလျှက်ပါပဲလို့ ပြောချင်ပါတယ်။

Comments are closed.