၁၆ ဇူလိုင် ရန်ကုန် ၊ ၊ညွန့် သက်ထားဦး
Naypyidaw Blackout First A(H1N1) Case
နေပြည်တော်တွင် ၀က်တုပ်ကွေးရောဂါ A(H1N1) ရောဂါပိုး တွေ့ ရှိသူတစ်ဦး ကို တွေ့ ရှိကြောင်းနေပြည်တော် ရှိ ကျန်းမာရေးဝန်ကြီးဌာန မှ အမည်မဖေါ်လိုသော ၀န်ထမ်းတစ်ဦးဆီမှ သတင်းရရှိ
သည်။စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၀က်တုပ်ကွေး ရောဂါ တွေ့ ရှိသူ နှင့် ပတ်သက်၍ သတင်းအမှောင်ချထားပြီး သတင်းထုတ်ပြန်ခြင်းမပြု ဟု သိရသည်။
အဆိုပါ အေတုပ်ကွေးရောဂါပိုးတွေ့ ရှိသူသည် အသက်၂၅ နှစ်အရွယ်ခန့် ရှိ လူငယ်တစ်ဦးဖြစ်ပြီး ဆည်မြောင်းဝန်ကြီးဌာန မှ အရာရှိတစ်ယောက်၏ သားဖြစ်ကာ ဘန်ကောက်မြို့ တွင် တစ်နှစ်ကြာနေ
ထိုင်ပြီးနောက် ပြန်ရောက်လာချိန်တွင် တွေ့ ရှိခြင်းဖြစ်ကြောင်း သိရသည်။ဝက်တုပ်ကွေးရောဂါ ပိုး
တွေ့ ရှိသူမှာ နေပြည်တော်သို့ ခေတ္တလာရောက် လည်ပတ်သူဖြစ်သည် ဟု သိရသည်။
ရောဂါပိုးရှိသူ ကို နေပြည်တော်ရှိ ဆေးရုံသစ်ကြီးတွင် တင်ဆောင်ထားသည် ဟု သိရသော်လည်း
ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် အရ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းထားသည် ဟု ၀န်ထမ်းတစ်
ဦးကပြောသည်။ အဆိုပါ ရောဂါပိုး ရှိသူကို တနင်္လာနေ့  က တွေ့ ရှိခြင်းဖြစ်သည် ။
နေပြည်တော် ရှိ အစိုးရ၀န်ထမ်း အိမ်ရာများတွင် ပိုးသတ်ဆေးများဖြန်းခြင်း၊ရောဂါ နှင့် ပတ်သက်
သည့် လမ်းညွှန်ချက် များထုတ်ပြန် ခြင်းတို့ ကို ယခု အပတ် အတွင်းတိုးမြှင့်ဆောင် ရွက်လျှက်
ရှိသည်။
(နေပြည်တော် ရှိ ၀က်တုပ်ကွေး လူနာရှင် သတင်းနှင့် ပတ်သက်၍ Freedom News Group မှထပ်မံစုံစမ်းဆဲ ဖြစ်ပါသည်)
