စစ်ထောက်လှမ်းရေးမှတာဝန်ရှိသူ တစ်ဦးယနေ့ မနက် အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ၁၅ မိနစ်ခန့်လာရောက်တွေ့ ဆုံ

၁၈ ဇူလိုင် ရန်ကုန်၊                    ၊ညွန့် သက်ထားဦး

Military Officer Meets Daw Aung San Suu Kyi One Day Before Martyr’s Day

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံ
ခံရသည့် ၆၂ နှစ်မြောက်  အာဇာနည်နေ့ မတိုင်မှီ တစ်ရက်အလိုတွင် အင်းစိန်အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရသည့် သူမ အား စစ်အစိုးရ တာဝန်ရှိ သူတစ်ဦးမှ ယနေ့ နက် အစောပိုင်းတွင် မိနစ် နှစ်ဆယ် ခန့် တွေ့ ဆုံခဲ့သည် ဟု သိရသည်။

ထိုသတင်းကို Freedom News Group မှ အတည်မပြု နိုင်သေးသော်လည်း “အင်းစိန်အကျဉ်း
ထောင် အကစ ၀န်ထမ်း တစ်ဦးမှ ဒီနေ့ တစ်နေ့ လုံး ဒယ်ဘယ် ဂျူတီ ပဲ ညနေ မှ အပြင်ပြန်ထွက်ရ
တယ် နက်ဖြန် လည်း ဒီလိုပဲ ဒီနေ့ က ဒေါ်စု သတင်းတော့ သိပ်မသိဘူး၊ဗူးဝမှာ တော့ ထောက်လှမ်း
ရေးတွေ ၀င်လိုက် ထွက်လိုက်ပဲ တိုက်ထဲ က ဂေါ်နိုက်(နိုင်ငံရေး အကျဉ်းသား) တွေ ကို လည်း ထောက် လှမ်းရေး က ရက်ဆက် အင်တာဗျူး နေတယ် ”ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ တာဝန်ရှိသူ တစ်ဦးလာရောက် တွေ့ ဆုံလျှင်လည်း မည်သည့် အတွက်ကြောင့် တွေ့ ဆုံရသည် ကို အသေးစိတ် သိရှိနိုင်ခြင်းမရှိ သော်လည်း ဒေါ်အောင်
ဆန်းစုကြည် အားအာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် လာရောက်ပြောကြားခြင်း မဟုတ်
နိုင် ဟု နိုင်ငံရေး အကျဉ်းသူ တစ်ဦး၏ မိခင်ဖြစ်သူ ကသုံးသပ်ပြောကြားသည်။

၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် စစ်အစိုးရမှ ရန်ကုန် နှင့် မန္တလေးတွင် လုံခြုံရေး
များတင်းကျပ် စွာချထားသည်။