၁၉ ဇူလိုင် ရန်ကုန် ၊ ၊Freedom News Group
Thu Kha Free Clinic Opens

နာရေးကူညီမှု အသင်း၏ သုခကုသိုလ် ဖြစ်အခမဲ့ဆေးခန်းဖွင့် ပွဲ ကို ယနေ့ အာဇာနည်နေ့ မနက်ကမြောက်ဒဂုံ ရှိ ဆေးခန်းသစ် တည်ရှိရာတွင် ကျင်းပခဲ့သည်။သုခ ကုသိုလ် ဖြစ်အခမဲ့ဆေးခန်းသည်ယခင်ကသင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဗြဟ္မဝိဟာရ ကျောင်းတိုက်တွင် စတင် ဖွင့်လှစ်ခဲ့ သော်လည်း မူလနေရာ တွင်ဖွင့် လှစ်ခြင်းမပြု ခဲ့သည့် အတွက် ပြောင်းရွှေ့ ဖွင့် လှစ်ရခြင်းဖြစ်သည်
ဟု ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှု အသင်းကို စတင် တည်ထောင်ခဲ့သူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ က ဆေးခန်းဖွင့် လှစ်ပွဲတွင် ပြောသည်။
မြောက်ဒဂုံရှိ ပလတ်စတစ် အမှိုက်ပုံပေါ်တွင် တည်ဆောက်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်း
အတွက် ကျပ်ငွေ သိန်း၁၅၀၀ကျော်ကုန်ကျသည်။

ဆေးရုံတည်ဆောက်ထားသည့် နေရာတွင် လျှပ်စစ်မီး တစ်လိုင်းသာရှိသဖြင့် နေ့ ခင်းအချိန်များအတွက်မီးစက် ကိုသာ အဓိကအားထားရကြောင်းသိရသည်။
သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆရာဝန် အယောက် ၃၀ ခန့် နှင့် ကျန်းမာရေးဝန်ထမ်းများမှာ စေတနာ့ ၀န်ထမ်းကူညီ သူများဖြစ်သည် ဟု သိရသည်။နာရေးကူညီ မှု အသင်း ရုံးခန်းကိုလည်း ဆေးခန်းနေရာတွင် ပင်ဖွင့်လှစ်ထားရှိသည်။
သုခ ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းတွင် လူမျိုးမရွေး၊ဘာသာမရွေး အခမဲ့ ကုသ နိုင်ပြီး လိုအပ်ပါက
ဆေးရုံကြီးများတွင် ဆက်လက် ကုသနိုင်ရန် လွှဲပြောင်းပေးမည်ဖြစ်သည်။အသေးစားခွဲ စိတ်ကုသမှုလုပ်ငန်းများကို လည်း ထိုဆေးခန်းမှာပင် ဆောင်ရွက်ပေးနိုင်သည်။

ဆေးခန်းဖွင့် လှစ်ပွဲသို့ အများလေးစားကြည်ညိုခြင်းခံရသည့်  လူပုဂ္ဂိုလ်၊ရဟန်း ပုဂ္ဂိုလ် များ၊
စာပေပညာရှင် ၊အနုပညာရှင် များနှင့် စာနယ်ဇင်း ဆရာ ဆရာမ များတက်ရောက်ခဲ့ကြသည်။
