မြန်မာငွေ နှင့် လဲလှယ်ရာတွင် ဘတ်ငွေဈေး နှုန်းကျ

၂၀ ဇူလိုင် မဲဆောက် ၊                      ၊ယူကွန်

Thai – Burma Currency Exchange May Not Stable

ထိုင်းနိုင်ငံတွင်ပို့ ကုန်၊သွင်းကုန်များကျဆင်းနေချိန်တွင် ကျင်းပသည့် ဖူးခက်အာဆီယံအစည်းအဝေး
ထိုင်းနိုင်ငံတွင်ပို့ ကုန်၊သွင်းကုန်များကျဆင်းနေချိန်တွင် ကျင်းပသည့် ဖူးခက်အာဆီယံအစည်းအဝေး

ကော့ကရိတ်-မြ၀တီ လမ်းကြောင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ
နှင့် တံတားများခိုင်ခံ့မှု အားနည်းသည့် အတွက် ထိုင်း ကုန်စည်များကို တင်သွင်းဝယ်ယူမှု နည်းလာသဖြင့် မဲဆောက် ရှိ ထိုင်း-မြန်မာငွေ လဲလှယ် သည့် နေရာများတွင် ဘတ်ဈေးနှုန်းမှာ တစ်ဘတ်လျှင်မြန်မာငွေ ၂၉ ကျပ်ပြား ၉၀ သာပေါက်ဈေးရှိတော့ သည် ဟု သိရသည်။
လွန်ခဲ့သည့် ငါးရက်ခန့် က သုံးဆယ့် နှစ်ကျပ်ထိ ပေါက်ဈေးရှိခဲ့ပြီး ဇွန်လနှောင်းပိုင်းက ၃၃ ကျပ်ထိ
ဈေးမြင့် တက်သွားသေးသည်။မြန်မာငွေ နှင့် လဲလှယ်ရာတွင် ဘတ်ငွေဈေးနှုန်းကျဆင်းမှုကြောင့်
ထိုင်းဝယ်လက် မြန်မာ ကုန်သည် များမှာ အဆင်ပြေကြသော်လည်း လမ်းခရီး မကောင်းမှု ကြောင့်
ကုန်စည် များကို ရန်ကုန် သို့ တင်ပို့ ရာတွင် ခရီးစရိတ် ပိုမိုကုန်ကျသည် ဟုသိရသည်။

ရန်ကုန် နှင့် မဲဆောက် ကုန်စည်ရောင်းဝယ်ဖောက်ကားသူတစ်ဦးက “ဘတ်ဈေးကျပေမယ့် မပျော်
နိုင်ဘူးဆရာ ဒီမှာ တံတားတွေ ကတချို့ နေရာတွေ ဆို ကယ်ရီနဲ့ ခွဲသယ်ရတော့ ပိုပြီးကုန်ကျတယ် ဟု Freedom News Group သို့ ပြောသည်။

အမေရိကန် တစ်ဒေါ်လာလျှင် ထိုင်းဘတ် ငွေ ၃၄.၀၁ ဈေးပေါက်သည်။