မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ၀န်ထမ်းအချို့ နှင့် ပွဲစားများကိုဖမ်းဆီး

၂၁ ဇူလိုင် ရန်ကုန် ၊                   ၊ညွန့် သက်ထားဦး

Myanmar Passport  Issuing Board  Improper

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးခြောက်ထပ်ရုံးသစ် အဆောက်အဦ ဖွင့်လှစ်စဉ်အချိန်က
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးခြောက်ထပ်ရုံးသစ် အဆောက်အဦ ဖွင့်လှစ်စဉ်အချိန်က

ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ စီမံခန့် ခွဲမှု အားလုံးကို နေပြည်တော်မှ ဗိုလ်မှုး အဆင့်ရှိသူ တစ်ယောက် နှင့် သတင်းတပ်ဖွဲ့ မှ ရဲမှုးတစ်ယောက်ပါဝင်သော အဖွဲ့ မှ ခေတ္တ
စီမံခန့် ခွဲနေသည် ဟု သတင်းရရှိသည်။ဇွန်လ ၁၈ ရက်နေ့ က ထိုရုံးရှိ ဒုရဲအုပ် နှစ်ယောက် အပါအ၀င် ပတ်(စ)ပို့ ပွဲစားအချို့ ကို ဖမ်းဆီးသွားပြီးနောက် မနလ ခေါ် ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးတွင် တာဝန်ကျ ၀န်ထမ်းများအားလုံးကို လည်း တစ်ယောက်စီ စစ်ဆေးမေးမြန်းမှု ပြုနေသောကြောင့် နိုင်ငံကူးလက်မှတ် ထုတ်ယူရန် အဆင်သင့်ဖြစ်နေသူများပင် ယနေ့ ထုတ်ယူခွင့် မရသေးဟု သိရသည်။

ယနေ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အတွက်
သွားရောက်ခဲ့သူ တစ်ဦးက “ရုံးထဲကို Green Channel လို့ ခေါ်တဲ့ အမ်မာ ဂျင်ဆီ ပတ်(စ)ပို့ ထုတ်မယ့် သူတွေက လွဲပြီး ဘယ်သူမှ ပေးမ၀င်တော့ ဘူး ၊ကျွန်တော်လည်း အသေးစိတ် မသိရဘူးရုံးဘေး အမေ့အိမ် စာအုပ်ဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ ဆိုပွဲစားတွေ တစ်ယောက်မှ မရှိတော့ဘူးပတ်(စ)ပို့ ကျလာတဲ့သူတွေတောင် ဒီနေ့ ထုတ်မပေးသေးဘူး ၊ ရုံးထဲမှာလူကြီး အစည်းအဝေးရှိလို့ 
စောင့် ပါလို့ ပဲ ပြောတယ်” ဟု ထိုသူက Freedom News Group သို့ ပြောသည်။

စနေ နေ့ ကဖမ်းဆီထိန်းသိမ်းခံရသူမှာ သတင်းတပ်ဖွဲ့ မှ ဒုရဲအုပ် မြင့်လွင် အပါအ၀င် သတင်းတပ်ဖွဲ့ ဝန်ထမ်းများနှင့် ပတ်(စ)ပို့ ပွဲစား နှစ်ဆယ့် ခုနှစ်ယောက် ဟုသိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးရှိ အချို့ ပွဲစားများမှာ ပတ်(စ)ပို့ ရုံးရှိ ၀န်ထမ်းအချို့ နှင့် သောကြာနေ့ က ပန်းဆိုးတန်းလမ်းရှိ ကျော် ဘီယာဆိုင်တွင် ဘီယာ သောက်နေ သည့် အချိန်တွင် စစ်ထောက်လှမ်းရေးက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်ရှားသည့် ပတ်(စ)ပို့ ပွဲစားအချို့ မှာ သတင်းတပ်ဖွဲ့ အရာရှိ အချို့ နှင့် ရင်းနှီးမှု ရှိပြီး  ပတ်(စ)ပို့ တစ်ခု ရရှိရန် မြန်မာကျပ်ငွေ ငါးသိန်းပေးပါ က သုံးရက်အတွင်းရရှိရန် ပင် စွမ်းဆောင်နိုင်သည်
ဟု သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု ၊ပညာရေး နှင့် ကျန်းမာရေး ၀န်ဆောင်မှု စနစ်ညံ့ ဖျင်းခြင်းတို့ ကြောင့် ပြည်သူအများစုမှာ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင် ရန် အတွက် နိုင်ငံကူးလက်မှတ်ကို အဆင်သင့်ဆောင်ထားရသည်။

စစ်အစိုးရ အာဏာသိမ်းပိုက် ပြီးကတည်းက ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်သူများလာ
သဖြင့် မြန်မာနိုင်ငံလက်မှတ်ကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ရုံးမှ ၀န်ထမ်းများမှာ အနိမ့်ဆုံး အ
ဆင့် ပင်လျှင် တစ်နေ့ ကျပ်ငွေ တစ်သိန်းခန့် အပိုဝင်ငွေ အဖြစ်ရရှိသည် ဟု သိရသည်။

မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အတွက်တရားဝင် အခွင့်အာဏာရှိသော လ၀က ၀န်ထမ်းများထက် ထိုရုံးရှိ သတင်းတပ်ဖွဲ့ ဝန်ထမ်းများမှာ ပို၍ ၀င်ငွေဖြောင့်ကြသည်။

ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ မှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ အချို့ ပါဆက်လက်စုံစမ်းမေးမြန်း
ခံရနိုင် သည် ထိုရုံး၏ အနောက်ဘက်ရှိ ၃၇ လမ်း သတင်းတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာမှ ၀န်ထမ်းမိသား
စုဝင် တစ်ဦးကထင်ကြေးပေးသည်။

မနလ ရုံး ၏ ပဉ္စမ ထပ်နှင့် အပေါ်ဆုံးထပ် တွင် အချုပ်ခန်း တစ်ဖွယ် အခန်းတစ်ခန်းရှိပြီး နိုင်ငံ
ရေးအကျဉ်းသားများကို ခေတ္တဖမ်းဆီးထိန်းသိမ်းရန် တွင် အသုံးပြုသည်။