၂၁ ဇူလိုင် ဘန်ကောက် ၊ ၊ယူကွန်
US concerned by NKorea-Myanmar links: Clinton
်

ထိုင်းနိုင်ငံ ဖူးခက် တွင် ကျင်းပနေသည့် အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန်
အတွက် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နူးကလီးယား
လက်နက်ပိုင်ဆိုင်သည့် ကိုရီးယား နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ စစ်ရေးအရ နည်းကပ်စွာ ဆက်ဆံနေ
သည်မှာ ဒေသတွင်းစိုးရိမ် ဖွယ်ရာအခြေအနေ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံ ကလည်း စိုးရိမ်မကင်းဖြစ်မိကြောင်း ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ် နှင့် တွေ့ ဆုံအပြီး သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။
မြန်မာ့ စစ်အစိုးရ၏ လူ့ အခွင့်အရေးကျူးလွန်ဖောက်ဖျက်မှု မှတ်တမ်းများကြောင့် အရုပ်ဆိုး အကျဉ်း
တန်နေသော စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရန် ထည့် သွင်းပြောကြားသွားသည်။
ဖူးခက် အာဆီယံ ၀န်ကြီးများ အဆင့် အစည်းအဝေးတွင် မြန်မာ့အရေးမှာ ထိပ်တန်းရောက်လျှက်ရှိ
သည်။အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံကလည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်
လွှတ်ပေးရန် တောင်းဆိုထားသည်။
အမေရိကန် နိုင်ငံက ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေး နှင့် ပတ်သက်၍ အာဆီယဲအစည်း အဝေးတွင် ပြောကြားသွားသည်မှာ ပထမ အဆင့် ဒေသတွင်း နိုင်ငံများကို မြန်မာနိုင်ငံ၏ စစ်ရေးရည်မှန်းချက်များနှင့် ပတ်သက်၍ သတိရှိရန် ပြောကြားသွားခြင်းဖြစ်ပြီး ဒုတိယ အချက် အနေဖြင့် အမေရိကန် က မြန်မာ အရေးမှာ ပြည်တွင်းရေးသာ မဟုတ်တော့ကြောင်း
ဆိုသည့် အချက် ကို သိသာထင်ရှားစွာ မီးမောင်း ထိုးပြလိုက်ခြင်းဖြစ်သည် ဟု အကဲခတ်များက
သုံးသပ်ကြသည်။
