၂၂ ဇူလိုင် ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
Health Care License Get After Sophisticated Training

ယခင်က ဆရာဝန် မှတ်ပုံတင်( ဆမ ) လက်မှတ် ရရှိရန် အတွက် အစိုးရ ကျန်းမာရေးဝန်ထမ်းအဖြစ်
သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှ ရရှိမည်ဖြစ်သော်လည်း ယခု ဆေးတက္ကသိုလ် ၁ နှင့် ၂ တို့ ၏ သ
တင်းထုတ်ပြန် ချက်အရ မွမ်းမံသင်တန်း တစ်လ တက်ပြီးပါက ဆမ လက်မှတ် ထုတ်ပေးသော စနစ်
ကိုပြောင်းလဲ လိုက်ပြီဟု သတင်းရရှိသည်။
ထိုသင်တန်းကို အလုပ်သင်ဆရာဝန် အဖြစ်ပြီးဆုံးအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး နိုင်ငံဝန်
ထမ်းအဖြစ်တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များလျှောက်ထားစရာ မလိုဟု ဖော်ပြထားသည်။
ဆမ လက်မှတ် ထုတ်ပေးမှု ပုံစံ အပြောင်းအလဲကြောင့် မြောက်ဥက္ကလာ ဆေးတက္ကသိုလ် တွင် ၂၀၀၇ ခုနှစ်က သင်တန်းပြီးဆုံးခဲ့သည့် အလုပ်သင် ဆရာဝန် တစ်ဦးက “အခုလို ဆိုတော့ ပိုကောင်း
သွားတာပေါ့ ဒါပေမယ့် တစ်လကြာမယ့် မွမ်းမံ သင်တန်းက ပေါ်လစီ သင်တန်း ဖေါင်ကြီး လိုပေါ့
ဘာမှ ဆေးပညာတွေ နဲ့ မဆိုင်တာတွေ သင်မှာ ”ဟုပြောသည်။
ဆမ လက်မှတ် ကို စစ်အစိုးရက ယခုကဲ့သို့ သဘောထားကြီးစွာ ထုတ်ပေးနေခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲရရှိရန် စည်းရုံးနေခြင်းဖြစ်ကြောင်း၊ရွေးကောက်ပွဲပြီးသွားပါက သုံးနှစ်တာဝန်ပင်ပြန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း အလုပ်သင်ဆရာဝန် အသိုင်းအ၀ိုင်းတွင်ပြော
ကြားလျှက်ရှိသည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဆေးဝန်ထမ်းများ အပါအ၀င် ရေကြောင်းသိပ္ပံ နှင့် ပင်လယ် ကူးသင်္ဘောသားများ ကိုလည်း စီဒီ နံပါတ်များထုတ်ပေး၍ စည်းရုံးနေသည် ဟုသိရသည်။
