ခြောက်မိနစ်ကျော်ကြာ နေကြတ်မှုဖြစ်စဉ် မြန်မာနိုင်ငံမှ လည်းတွေ့ရ

၂၂ ဇူလိုင် ရန်ကုန် ၊                    ၊ဟိန်းခိုင်ထွန်း

Myanmar Cloud Cover  Total Solar Eclipse

နေကြတ်မှုဖြစ်စဉ်ကို ယနေ့ ရွှေတိဂုံဘုရားတွင်စောင့်ကြည့်နေသည့် သံဃာတော်တစ်ဦး ဓာတ်ပုံ-အေပီ
နေကြတ်မှုဖြစ်စဉ်ကို ယနေ့ ရွှေတိဂုံဘုရားတွင်စောင့်ကြည့်နေ သည့် သံဃာတော်တစ်ဦး ဓာတ်ပုံ-အေပီ

ရာစုနှစ်၏ အကြာမြင့်ဆုံးနေအပြည့် ကြတ်မှုတစ်ခုကို ယနေ့ မနက်အစောပိုင်းမှ စ၍ အိန္ဒိယ ၊ဟောင်
ကောင် ၊ထိုင်ဝမ် နှင့် ဟာဝိုင်အီ ကျွန်းစုမှ တွေ့ မြင်ရသော်လည်း မြန်မာနိုင်ငံ ရန်ကုန် မြို့ မှာ မိုးအုံ့ နေသဖြင့် ကောင်းစွာ မတွေ့ မြင်ရဟု လှည်းတန်းလမ်းဆုံ အနီးတွင် မိတ္တူကူး ဆိုင်ဖွင့်ထားသူတစ်ဦးက Freedom News Group သို့ ပြောသည်။

တရုတ်ရိုးရာတွင် မိုးနတ်မင်းကြီး၏ ခွေးက နေနတ်သမီး အားခံတွင်းထဲ မြိုချသည် ဟု ယူဆပြီး အတိတ်နိမိတ် မကောင်းခြင်းကို သာသယ်ဆောင်လာနိုင်သည် ဟု ယနေ့ ထုတ်ဟောင်ကောင်သတင်းစာများတွင် ဖေါ်ပြထားသည်။

ရာစုသစ်သမိုင်းတွင် အကြာဆုံးနေကြတ်မှုမှာ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကဖြစ်ပွားခဲ့ပြီး ခြောက်မိနစ် နှစ် ငါးဆယ့်သုံးစက္ကန့် ကြာမြင့်ခဲ့သည်။ထိုကဲ့သို့ သော ကြာမြင့်သည့် နေအပြည့်ကြတ်မှုမျိုးနောက် တစ်ကြိမ်မြင်ရရန် အတွက် သက္ကရာဇ် ၂၁၃၂ ခုနှစ်ထိစောင့်ရအုံးမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ တွင်မူ ယခုနေကြတ်မှုသည် နိမိတ်မကောင်းဟု ဆိုကာ ပြည်သူအများစု ကအိမ်ထဲမှအိမ်
ပြင်သို့ မထွက်ဘဲရှိကြသည်။ယခုနေကြတ်မှု ကို တရုတ်၊ဂျပန် ၊ပါကစ္စတန် နှင့် ပစိဖိတ် နိုင်ငံအချို့ မှလည်းတစ်စိတ်တစ်ပိုင်းတွေ့ မြင်ရသည်။

အိန္ဒိယ နိုင်ငံချင်းနိုင်မြို့ ရှိ မဟတ္တ္တမ ဂန္ဒီရုပ်တုနှင့် အတူ တွေ့ရသော နေကြတ်မှုဖြစ်စဉ်
အိန္ဒိယ နိုင်ငံချင်းနိုင်မြို့ ရှိ မဟတ္တ္တမ ဂန္ဒီရုပ်တုနှင့် အတူ တွေ့ရသော နေကြတ်မှုဖြစ်စဉ်

မန္တလေးမြို့ တွင်မူနေကြတ်မှုဖြစ်စဉ်ကို ကောင်းစွာတွေ့ မြင်ရသည် ဟုသိရသည်။ ယခုနေကြတ်မှု
သည်ပေါင်းလျှင် လေးဂဏန်းရ သော နေ့ တွင် ဖြစ်ပွားသောကြောင့် အတိတ်နိမိတ်မကောင်းဟု
မြန်မာ နက္ခတ ဆရာတို့ က ယုံကြည်နေကြသည်။

၂၀၀၁ ခုနှစ်မှ ၂၁၀၀ ခုနှစ် အတွင်းနေကြတ်မှု ဖြစ်စဉ် ၂၂၄ ခုရှိမည် ဖြစ်ပြီး ယခုကဲ့သို့ အကြာမြင့်
ဆုံးနေအပြည့် ကြတ်မှုဖြစ်စဉ်မှာ နောက်ထပ် နှစ်ပေါင်းတစ်ရာ ကျော်မှ တွေ့ မြင်ရမည် ဖြစ်သည်၊

အတိနိမိတ် မကောင်းဟု ယူဆသော ယနေ့ နေကြတ်မှု အတွက် ဗေဒင် လာရောက်မေးမြန်းသူများ
အထူးပင် ပေါများသည် ဟု ရန်ကုန် မြို့ ရှိ ဗေဒင်ဆရာတစ်ဦးကပြောသည်။