စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံတွင် အသက်၆၀ ကျော်အရွယ်လည်း ခါးပိုက်နှိုက်ဖြစ်

၂၄ ဇူလိုင် ရန်ကုန် ၊                         ၊ညွန့် သက်ထားဦး

Old Man , Pick Pocket Arrested by Police

အသက် ၆၃ နှစ်အရွယ်ရှိ ဦးအုန်းကြိုင် သည် မြောက်ဥက္ကလာမှ လှိုင်သာယာပြေးဆွဲနေ သည့် အမှတ် ၁၂၁ လိုင်း ရှိဒိုင်နာ ယာဉ်ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ က အမျိုးသားတစ်ဦး အားခါးပိုက်
နှိုက် မှုကြောင့် မရမ်းကုန်း ရဲစခန်းတွင် ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။

မြောက်ဥက္ကလာ မှ စီးနင်းလိုက်ပါ လာသူ ဦးအုန်းကြိုင်သည် လမ်းဝမှတ် တိုင်အရောက်တွင် ယာဉ်
ပေါ်ပါ အမျိုးသား တစ်ဦးအားခါးပိုက်နှိုက်သည် ကို တွေ့ ရှိသောကြောင့် မရမ်းကုန်း စခန်းတွင် ရှာဖွေ
စစ်ဆေးရာ ဦးအေး ဆိုသူထံမှ ခါးပိုက် နှိုက်ထားသော ငွေ ငါးထောင်ကျပ်ကို သိမ်းဆည်းရမိသဖြင့်
အမှု ဖွင့်အရေးယူထားသည် ဟု သိရသည်။

ယခုနှစ် မိုးတွင်းကာလ အစ ပိုင်းမှ စ၍ ရန်ကုန်မြို့ရှိ ခရီးသည်တင် ကားများပေါ်တွင်ခါးပိုက်နှိုက်များ နှင့် အလစ်သုတ် သူပြေးသူများ ပေါများလာကြောင်း ၄၃ လိုင်းကားနောက် လိုက်တစ်ဦးက Freedom News Group သို့ ပြောသည်။

နေ့ စဉ် ခရီးသည်တင် ကားဖြစ် ဒဂုံမြို့ သစ်မြောက်မှ မြို့ ထဲသို့  အလုပ်ဆင်းရသည့် ကုမ္ပဏီ ၀န်ထမ်း
အမျိုးသမီးတစ် ဦးကလည်း “ဘတ်(စ)ကားပေါ်မှာ ခါးပိုက် နှိုက်တွေ ပေါလာတာတော့ အမှန် ပဲလွန်
ခဲ့တဲ့ ဆယ်ရက် လောက်က လမ်းကျယ်(ပလာဇာ) မှတ်တိုင်မှာ ဖြစ်တဲ့ ခါးပိုက် နှိုက်မှု ဆိုရင် ဆယ်နှစ်
ကျော်လောက်ပဲ ရှိသေးတဲ့ ခလေး နှစ်ယောက် အခု မီးတွေ ကလည်း မလာတော့ မိုးရွာပြီး မီးပျက်
တဲ့ အချိန် ဆိုရင် တောင် ဒဂုံမှာ အိမ်ပေါ် တက်ပြီးတောင် လုယက်မှု တွေ ရှိတယ်”ဟုပြောသည်။

စစ်အစိုးရ လက်ထက် စားဝတ်နေရေး အကျပ်အတည်းဒဏ် ခံကြရသည့် ပြည်သူများမှာ နေ့ စဉ်
ထမင်း တစ်နပ် အတွက် အဆင်မပြေမှုများဖြစ်လာပါက ရာဇ၀တ်မှု နှင့် နှီးနွယ်သည့် အမှုများထိကျူး
လွန် လာသည် ဟု သိရသည်။

၁၂၁ ခရီးသည်တင်ကားပေါ်တွင် ခါးပိုက်နှိုက်မှု ဖြင့် ဖမ်းဆီးခံထားရသည့် ဦးအုန်းကြိုင်မှာ ယခင်က
ပြစ်မှု ဟောင်းမရှိ ဟုသိရသည်။ခါးပိုက် နှိုက် မှု ဖြင့် ဖမ်းဆီးခံထားရသည့် ဦးအုန်းကြိုင်သည် ထိုအမှု
ဖြင့် ဖမ်းဆီးခံရသူများ တွင် အသက်အကြီး ဆုံးဖြစ်သည်။