နေပြည်တော် က ၀ါရှင်တန် ကိုအာခံမှုများပြုလုပ်လာ

၂၄ ဇူလိုင် ရန်ကုန် ၊                         ၊တင်ကျော်ကျော်စိုး

Naypyitaw Defiance  Washinton

မြန်မာ အရေးကရှေ့တန်းရောက်သွားသည့် ဖူးခက်အာဆီယံ အစည်းအဝေး
မြန်မာ အရေးကရှေ့တန်းရောက်သွားသည့် ဖူးခက်အာဆီယံ အစည်းအဝေးပြည်တွင်း၊ပြည်ပ နှင့် နိုင်ငံတကာက ဝေဖန်ပစ်တင်မှုများ ရှိလင့်ကစား စစ်အစိုးရသည် ယနေ့ ဒေါ်

အောင်ဆန်းစုကြည်၏ တရားခွင် အားဆက်လက်ပြုလုပ်ခြင်းဖြစ် နိုင်ငံတကာ အထူးသဖြင့် အမေရိ
ကန် ကို အာခံသည် ဟု ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းက ယနေ့ သုံးသပ်ပြောကြား
သည်။

ယနေ့ အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် အား နှစ်ဘက် အပြီးသတ် လျှောက်လဲချက်ပေး
သည့် နေ့ တွင် ပင် စစ်အစိုးရ အာဘော် သတင်းစာများ ဉ် ဆောင်းပါးရှင် လူသစ် ဆိုသူက “ဒေါ်
အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားခြင်းသည် တရားရုံး နှင့် သာသက်ဆိုင်ကြောင်း
ရေး သားထားသလို နိုင်ငံရေး အကျဉ်းသားဆိုသည် မှာ လည်းမရှိကြောင်းဖေါ်ပြထားသည်။

ဖူးခက် တွင်ကျင်းပနေသည့် အာဆီယံအစည်းအဝေး သို့ တက်ရောက် လာသူ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီးက မူ ဒေါ်အောင် ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်း သားများပြန် လွှတ်ပေးလျှင် မြန်မာ
နိုင်ငံ အနေနှင့် ၀ါရှင်တန် နှင့် အဆွေ ခင်ပွန်းကောင်းဆက်ဆံရေး နီးပါး ပြန်လည်ရရှိမည် ဟု ပြော
ကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ ပြန်လွှတ်ပေးရန် အတွက် အမေရိကန် ၏ သဘောထားကို
ပင်ဆန့် ကျင်ကာ ယနေ့ တရားခွင်ကို ပြန်စခြင်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ၀ါရှင်တန် အား
စစ်အုပ်စု မှ မထေမဲ့မြင် ပြုခြင်းဖြစ်သည် ဟု ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

ယနေ့ အင်းစိန်ထောင် ဉ် ပြုလုပ်သောတရားခွင်တွင် နိုင်ငံခြားသံတမန်များကို လာရောက်ခွင့်
ပြုသည်။

One thought on “နေပြည်တော် က ၀ါရှင်တန် ကိုအာခံမှုများပြုလုပ်လာ

  1. ဒီ သတင်းရေးတဲ့ကောင်တွေက နအဖရဲ့ မူကို ကိုယ်စားပြုတာမှန်ပေမယ့် ထိပ်ပိုင်းရဲ့၊ အထူးသဖြင့် မှူးကြီးရဲ့ သဘောကို အဲသည်လောက် မြန်မြန် ရောင်ပြန်ဟပ်နိုင်မယ်မထင်ဘူးဗျ။ နံပတ်ဝမ်း အတွက်တော့ အတော်အကြပ်ရိုက်မယ့် ကမ်းလှမ်းချက်ပါပဲ။ အထူးသဖြင့် သူဘာကြောင့် အမေရိကန်ကို ငြင်းရပါတယ်ဆိုတာကို သူ့ ဗိုလ်ချုပ်တွေ လက်ခံအောင် အကြောင်းပြရတော့မယ်လေ။

Comments are closed.