ဆာကူရာ ဂျပန်ကား ၀န်ဆောင်မှု နှင့် နေပြည်တော် လေလံသတင်းကြောင့် မော်တော်ကားဈေးများ ထပ်မံကျ

၂၅ ဇူလိုင် ရန်ကုန် ၊                       ၊ယူကွန်

Myanmar Town Car Market Price Fall

မြ၀တီ တင်ပို့ မည့် ကားများကို ဘန်ကောက်မှာ မဲဆောက်သို့ ကားတင် လော်ရီကားကြီးများဖြင့် သယ်ဆောင်လာစဉ်
မြ၀တီ တင်ပို့ မည့် ကားများကို ဘန်ကောက်မှာ မဲဆောက်သို့ ကားတင် လော်ရီကားကြီးများဖြင့် သယ်ဆောင်လာစဉ်

ဆာကူရာ ကုမ္ပဏီမှ ဂျပန်နိုင်ငံမှ ထုတ်လုပ်သော မော်တော်ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းပေး
ပို့ တော့မည်ဆိုသည့် သတင်းနှင့် ဇူလိုင်လ နောက်ဆုံးပတ် နေပြည်တော်တွင် ကျင်းပမည့်  မော်တော်ကားလေလံ သတင်းတို့ ကြောင့် ယနေ့ ဟံသာဝတီ ရှိ ကားပွဲစားတန်းတွင် အထက်ကား
များ ဈေးထိုးကျ မှု တစ်ရပ်ဖြစ်သွားသည် ဟု ရန်ကုန် အခြေစိုက်ကားဝယ်ရောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။
ယခင်တောင်ဥက္ကလာ သေနတ်ပစ်ကွင်းဟောင်းနေရာတွင် မော်တော်ကားလေလံစင်တာ တစ်ခုဖွင့်လှစ် ထားသော ဆာကူရာ ကုမ္ပဏီက ဂျပန် နိုင်ငံမှာ မော်တော်ကားမှာ ယူလိုသည့် ပြည်တွင်းမှာ ယူသူများကို ၀န်ဆောင်မှု ပေးမည် ဆိုသည့် သတင်းကြောင့် တစ်ဖြည်းဖြည်းအေးစက်လာသော မော်တော်ကားဈေး(အထက်) မှာ  နေပြည်တော်တွင် မကြာခင်ကျင်းပမည့် လေလံပွဲတွင်ပါဝင်မည့် မော်တော်ကား စီးရေ ၃၀၀ ကျော်တွင် မော်ဒယ်(လ)မြင့်ဇိမ်ခံကားများပါဝင်နေသည် ဆိုသည့် သတင်းကြောင့်ထပ်မံ ကျဆင်းသွားခဲ့သည်။

လမ်းကျယ် ကားပွဲစားတန်းမှ ၀ယ်ရောင်းတစ်ဦးကမူ “ဆာကူရာက တင်သွင်းခွင့်ပါမစ်ပြ နိုင်တဲ့သူကိုမှ သူတို့ ဂျပန်ကားသွင်းပေးမယ် လို့ တော့ တရားဝင်ကြေညာထားတယ် ၊ဒါပေမယ့် ပါမစ်မရှိလည်းဝယ်လို့ ရတဲ့(သွင်းလို့ ရတဲ့)နည်းတွေ အတွက် ဆာကူရာက ၀န်ဆောင်ခ ထပ်ယူပြီး လုပ်ပေးမယ်တဲ့ သဘော ကတော့ ပါမစ်ရှိတဲ့ ကောင်နဲ ဂျွိုင်းပေးမှာ ပေါ့ ဗျာ …..ဒါကြောင့်မို့ အထက်ကားဈေးတွေ အိလာတာ ရှေ့လ လောက်ဆို ပြုတ်ကျနိုင်တယ် ၊နေပြည်တော် လေလံပွဲ က မော်ဒယ်မြင့်တွေ ပါတယ်။ဒီလ နဲ့ ရှေ့လ ဆက်လုပ်မှာ ဆိုတော့ မကျခံ နိုင်ပါ့ မလား”ဟု ရန်ကုန် မော်တော်ကားဈေး ကွက်အခြေအနေ နှင့် ပတ်သက်၍ ပြောသည်။

သင်္ကြန်ကာလ မတိုင်ခင်က သိန်းထောင်ကျော် ပေါက်ဈေးရှိခဲ့သည် Toyota Mark II 96 အမျိုးအစား မှာ ယနေ့ ဈေးကွက်တွင် သိန်း ရှစ်ရာကျော်ခန့် လောက် နှင့်သာ အရောင်းအ၀ယ်ဖြစ်တော့သည် ဟုသိရသည်။မြန်မာ နိုင်ငံတွင် ငွေကြေးတတ် နိုင်သူများ နှစ်သက် ကျသည့် ပါဂျဲရိုး (မော်ဒယ် ၉၈ )မှာ မူ သိန်းတစ်ထောင့် ငါးရာ လောက်သာ ပေါက်ဈေးရှိတော့သဖြင့် လွန်ခဲ့သည့်တစ်နှစ်ကထက် လွန်ခဲ့သည့် တစ်နှစ်က ဈေးထက် လေးပုံ တစ်ပုံ ပြုတ်ကျသွားသည် ဟုသိရသည်။