၂၆ ဇူလိုင် ရန်ကုန် ၊ ၊Freedom News Group
U.S. Offers Hit Burma Regime

ယခင်သီတင်းပတ် ကဖူးခက် တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်လာ
သောအမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းချက် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးပါက အမေရိကန်က အကူအညီ များပေးမည့် အပြင် တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု များပါပြုမည့် အစီအစဉ်ကို မြန်မာ စစ်ခေါင်းဆောင်များက မသိကျိုးကျွံပြုပြီး ဒေါ်အောင်ဆန်းစုကြည် အားဆက်လက် တရားစွဲဆိုနေခြင်းကို စစ်တပ်မှ အရာရှိငယ် တစ်ချို့ မကျေမနပ်ဖြစ်ကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။
ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ့ အလင်း
သတင်းစာတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေးဝန် ကလင်တန်က မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက် နှောင့်ယှက်သည် ဆိုသော စစ်အစိုးရ၏ တုံ့ ပြန်ချက်ကို စစ်တပ် အသိုင်းအ၀ိုင်း နှင့် ပြည်သူများကြားတွင် စိတ်မသက်သာရာဖြစ်ကြရသည် ဟု သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် ၀ါရှင်တန် ပို့ စ် သတင်းစာ တွင် ဆောင်းပါးရှင် ဂလင်း ကက်စလာ ရေးသားထားသည့် U.S Offers Burma Possible Befits ဆောင်းပါးတွင် ပါရှိသည့် “အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးပါကအမေရိကန် နှင့် ဆက်ဆံရေးပါ တိုးတက်လာ နိုင်သည့် အပြင် ဖြစ်နိုင်ဖွယ် အကူအညီ များကို ပါပေးသွားမည် ဟု ကလင်တန် ၏ထပ်လောင်းပြောဆိုချက်သည် မြန်မာ စစ်တပ် အတွင်း အတော်ပင် ဂယက် ရိုက်ခဲ့သည် ။
နေပြည် တော် နှင့် ရန်ကုန် ရှိ စစ်အရာရှိ များ အပန်းဖြေ ဂေါက်ရိုက် လေ့ရှိသော ဂေါက်ကွင်းများတွင်စစ်အရာရှိ များက အရာရှိ အချင်းချင်း ဆွေးနွေး တိုင်ပင် သောအားဖြင့် မစ္စ ကလင်တန် ၏ ကမ်းလှမ်းချက် ကိုသာ ပြောဆိုကြသည်။ စစ်အရာရှိ အများစု ကမူ စစ်အစိုးရ အပေါ် အမြဲတမ်း သဘောထားတင်းမာလေ့ ရှိသည့်အမေရိကန် ၏ ကမ်းလှမ်းချက် ကို မဆိုင်းမတွ လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးသင့်ကြောင်းသုံးသပ်ကြသည်။
ရန်ကုန် မြို့ တွင်နေ သော အငြိမ်းစား ဗိုလ်မှုးကြီး ဟောင်းတစ် ဦးကမူ“ ဒီလို အခွင့်အရေးမျိုး နောက်တစ်ခါ လာဖို့ ဆိုတာ မဖြစ် နိုင်တော့ဘူး ပြည်သူတွေ ကောင်းစားဖို့ လုပ်နေတယ် ဆို ဒီကိစ္စကို မလွတ်တမ်းလက် ခံသင့်တယ် ၊သန်းရွှေ တို့ မောင်အေး တို့ ဘာမှ သဘောထား တင်းမာနေစရာမလိုဘူး၊တရုတ် လို မျိုး သမီးပေးမှ သမက် ရမဲ့ ရင်း နှီးမြုပ် နှံမှု တွေ မဟုတ်ဘူး။ကျွန်တော် အကြံပေးချင်တာက အမြန် ဆုံးလက်ခံ လိုက်ပါ လို့ ပြောချင်တာပဲ ”ဟုသုံးသပ်ပြောကြားသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မေလ မှ စ၍ နေအိမ် အကျယ်ချုပ်ချထားစဉ် ရေကူးဝင်ရောက် လာသော အမေရိကန် နိုင်ငံသားတစ်ဦးကို လက်ခံထားသည် ဟူသည့် စွပ်ဆွဲချက် ဖြင့် သူမကို အင်းစိန်ထောင် တွင်း တွင် တရားစွဲ ဆိုခဲ့ရာ နှစ်လကျော်ကြာမြင့်ပြီဖြစ်သည်။
အမေရိကန် က မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ မှုကို မေလ ၁၅ ရက်နေ့ က တစ် နှစ်ထပ်မံ သက်တမ်းတိုးခဲ့သည်။အမေရိကန် သည် အာဆီယံ အဖွဲ့ အစည်း ၏ အတွင်းရေးများကို နှောင့်
ယှက်မှု ပြုကြောင်း အမေရိကန် ၏ သဘောထား နှင့် ပတ်သက်၍ အာဆီယံကပါ မြန်မာ နိုင်ငံ
အပေါ် စောဒက တက်လာပါက အာဆီယံသည် လည်း အမေရိကန် ၏ နောက် လိုက် ဖြစ်သွားနိုင်ကြောင်းရေးသားဖေါ်ပြထားသည်။
