၂၇ ဇူလိုင် ဘန်ကောက် ၊ ၊Freedom News Group
Thaksin to award 6,000 scholarships and plans of comeback soon

ဇူလိုင်လ ၂၆ ရက်နေ့ က ဒူဘိုင်း နိုင်ငံတွင် အသက် ၆၀ ပြည့်မွေးနေ့ ပွဲကျင်းပခဲ့သည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင် က သူမကြာခင် ဇာတိနိုင်ငံသို့ ပြန်လာမည် ဆိုသည့် အံအားသင့်ဖွယ်စကားကြောင့် တနင်္လာနေ့ မနက် အစော ပိုင်းစတင်ဖွင့်လှစ် ခဲ့သော ထိုင်းစတော့ဈေးကွက်ပင် တုန် ခါသွားခဲ့ရသည်။
တနင်္ဂနွေနေ့ ကကျရောက်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အသက် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အတွက် ဆုတောင်းပွဲ ကို ထိုင်းနိုင်ငံ တ၀ှမ်းတွင် ကျင်းပရာ ပြည်သူ ထောင်ပေါင်းများစွာက ၎င်းတို့ ၏ သင်္ကေတ အနီရောင် ရှပ်အကျီများဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။
သက်ဆင်အတွက် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားတွင် သံဃာတော်များက ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ဇာတာသန့် စေရန် နှင့် အကြံအစည်
အောင်မြင်စေရန် ဆုတောင်းပေးမှု ပြုခဲ့ကြသည် ဟု ယနေ့ ထုတ်နေးရှင်း သတင်းစာတွင်ဖေါ်ပြထားသည်။
သမာဆတ် တက္ကသိုလ်က ပြုလုပ်သော လူထုစစ်တမ်းတစ်ခု တွင်လည်း လက်ရှိ ၀န်ကြီးချုပ် အဘိဆစ် ထက် ၂၀၀၆ ခုနှစ်က စစ်တပ်မှ အာဏာသိမ်းဖြုတ်ချခံရသည့် ၀န်ကြီးချုပ်
ဟောင်းသက်ဆင် ကိုပို၍ လူကြိုက်များသည် ဟု ဖေါ်ပြထားသည်။
ထိုင်းစီးပွားရေး နှေးကွေးလာခြင်း နှင့် ၀က်တုပ်ကွေးရောဂါ နှင့် ပတ်သက်၍ အစိုးရ၏ ညံ့ဖျင်းသောစီးပွားရေးပေါ်လစီ တို့ ကို ထိုင်းပြည်သူ အများစု ကစိတ်ကုန် နေကြသည် ဟု ဘန်ကောက် ရှိ တက္ကသိုလ် ကျောင်းသားအများ စုက ဆန္ဒသဘောထားပေးကြသည်။
ပြည်ပရောက်နေသည့် ထိုင်းဝန်ကြီးချုပ်က သူ၏မွေးနေ့ ပွဲတွင် လာရောက်စုရုံးကြသော ထိုင်းနိုင်ငံသားများကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားပြီး ကျေးဇူးဝမ်းမြောက် စကားဆိုခဲ့သည်။ဘန်ကောက် အပါအ၀င် ထင်ရှားသည့် ထိုင်းမြို့ တော်များဖြစ်သည့် နော်သန် ဘူရီနှင့် ဖိဆနူလောခ် တို့ တွင် သက်ဆင်မွေးနေ့ အထိမ်းအမှတ် ချီတက်လမ်းလျှောက်မှုများ တနင်္ဂနွေနေ့ ကပေါ်ပေါက်ခဲ့သည်။
သက်ဆင် ပြည်တော်ပြန်ရောက်ခဲ့လျှင် မည်သို့ ပင် ဖြစ်စေ ထိုင်းနိုင်ငံတွင်း မငြိမ်မသက် မှုများပေါ်ပေါက်လာ နိုင်သည် ဟု ချူလာလောင်ကွန်း တက္ကသိုလ် တွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို သင်ကြားနေသော ထိုင်းကျောင်းသူ နတ်ထီး လခွန် က Freedom News Group သို့ ပြောသည်။
ဧပြီလ ဆွန်ခန် ပွဲတော် ကာလ ထိုင်းနိုင်ငံ တွင် အနီရောင် ၀တ်တို့ ၏ ဆန္ဒပြပွဲ အပြီး PAD ခေါ်
အ၀ါရောင် ၀တ်တို့ ၏ ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး အား ဒဏ်ရာအပြင်းအထန် ရစေသည့် မအောင်မြင်သော လုပ်ကြံမှု တွင် ထိုင်းရဲ တပ်ဖွဲ့ ထိပ်တန်း အရာရှိများ ပါဝင်သည် ဆို
ခြင်းကြောင့် အ၀ါဝတ်နှင့် ပြည်သူ အချို့ ကမကျေ မနပ် ဖြစ်နေကြသည်။
ထို်င်း ၀န်ကြီးချုပ် အဘီဆစ် ၏ ပါတီ ဖြစ်သည် ဒီမိုကရက် ပါတီ ၏ ကြေညာချက်တွင်မူ ပြည်ပရောက် သက်ဆင် အနေဖြင့် ထိုင်းလူမျိုးတို့ ၏ သွေးစည်းညီ ညွတ်မှု ကို ၀ါးအစည်းပြေသလို ပြုလုပ်နေခြင်းကို ရပ်တန့် ရန် တိုက်တွန်းထားသည်။
ဒူဘိုင်းမှ နေ၍ ၎င်းအားထောက်ခံသူများက တယ်လီဖုန်း မိန့် ခွန်း ပြောကြားခဲ့သည့် သက်
ဆင်က ထိုင်းနိုင်ငံသို့ ပြန်လာ၍ ပြည်သူများကို အလုပ်အကြွေးပြုမည် ဟုပြောသည်။
ကမ္ဘာတစ်လွှား တွင် ရုပ်သံလွှင့် လုပ်ငန်းပေါင်း ၁၀၀ ထိ ပိုင်ဆိုင်ရန် မျှော်မှန်းချက်ထားသည့် သက်ဆင် က သူ့ မွေးနေ့ အထိမ်းအမှတ် ထိုင်းကျောင်းသားများ အတွက် ပညာ သင်ဆု ၆၀၀၀
ကို သူပိုင်ဆိုင်သော Thaksin’s Thaicom Foundation မှနေ၍ ချီးမြှင့် ခဲ့သည်။
