၂၇ ဇူလိုင် ရန်ကုန် ၊ ၊ယူကွန်
Flash-Flood Hit Ex-Capital and Southern

သောကြာနေ့ (၂၄ ဇူလိုင်) ညနေ ကတည်းက သုံးရက်ဆက် တိုက် ရွာသွန်းခဲ့သော စံချိန်တင် မိုးကြောင့် ရန်ကုန်မြို့ ရှိ မြို့ နယ်အချို့ တွင် ရေကြီးရေလျှံ မှု များဖြစ်ပေါ်နေပြီး တွံ့ တေးနှင့် ကော့မှုးမြို့ နယ်များတွင် လမ်းတံတားပျက်စီး မှုများဖြစ်ပေါ်နေသည် ဟု သတင်းရရှိသည်။
သုံးရက်ဆက်တိုက် ရွာသောမိုးကြောင့် ရန်ကုန်မြို့ အနှံရေလျှံမှု များဖြစ်ပေါ်နေပြီး ကမ်နားလမ်းနှင့်ဗိုလ်တစ်ထောင် ဘုရားလမ်း နေရာ တစ်ဝိုက်တွင်မူ မည်သည့် မော်တော်ကားမှ သွားမရအောင်လမ်းမများပေါ်တွင် ရေများပြည့်လျှံခဲ့သည်။
တောင်ဥက္ကလာ သံသုမာ လမ်းတစ်လျှောက် နှင့် တာမွေ ဈေးအရှေ့ဘက်တို့ တွင်မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့်ရေကြီးမှု များဖြစ်ပေါ်စဉ် မော်တော်ကားငယ်များ၏ အင်ဂျင်ထဲ သို့ ရေ၀င်ကာ စက်ပျက်မှုများကြောင့် ဗညားဒလ လမ်းမကြီးတစ်လျှောက် လမ်းပိတ်
ဆို့ မှုများဖြစ်ခဲ့သည်။
တွံတေး -ကွမ်းခြံကုန်း လမ်းပေါ်ရှိ သပြေပင် ရွာအနီး ချောင်းကူးတံတား တံတားတစ်စီမှာမူ ချောင်းရေကျော်မှု ကြောင့် အုတ်ဘောင် အချို့ ပျက်စီးခဲ့သည်။ မုပ္ပလင် နှင့် ကျိုက်ထို လမ်းပိုင်းတွင် မူမိုးရွာသွန်းမှု ကြောင့် တောင်မြေများပျိုကျခဲ့ရာမှ မော်တော်ကားလမ်းနေရာအချို့ ပျက်စီးခဲ့သည်။
ရန်ကုန် မြစ်ရေ နှင့် ပဲခူးမြစ်ရေ တက်မှု ကြောင့် ယုဇန မြို့ တော် အိမ်ရာဝင်းအတွင်း နှင့် ဒဂုံ ဧရာဝဏ်လမ်းမတွင် ရေကြီးမှု များဖြစ်ပေါ်ခဲ့သည်။တနင်္ဂနွေ နေ့ က အဆက်မပြတ်ရွာသွန်း ခဲ့သော မိုးကြောင့်ရန်ကုန် မြို့ လမ်းမကြီးများ ပေါ်တွင် လူသွားလူလာများ တိတ်ဆိတ် သွားသည်။မိုးရွာရေကြီးမှု ကြောင့် ရန်ကုန်မြို့လည် ရှိ အိမ်ရာ များမှာ ရေမော်တာတင်စက် များ နှင့် မီးစက်များ ရေ၀င်ကာ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သည်။
