၂၈ ဇူလိုင် ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
Aung San Suu Kyi verdict set for Friday in Myanmar

ဇူလိုင်လ ၃၁ ရက်နေ့ သောကြာနေ့ တွင်ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စီရင်ချက်ချမည်ဖြစ်
ကြောင်း အင်းစိန်ထောင်းတွင်း ရှိ အထူးတရားရုံးမှ ဦးသောင်းညွန့် က ယနေ့ တရားခွင်တွင် နောက်ဆုံးလျှောက်လဲချက် အပြီး ဇူလိုင်လ ၃၁ ရက်နေ့ ရုံးချိန်းဖြင့် ထုတ်ပြန် ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် ဥပဒေ ချိုးဖောက်မှု ဖြင့် စစ်အစိုးရ မှ မေလ၁၈ ရက် ကတည်းက စတင်တရားစွဲ ဆိုခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီးတရားစွဲဆိုထားခြင်း သည် နေအိမ်အကျယ်ချုပ် ဥပဒေ ကိုချိုးဖောက်ခြင်းကြောင့် သာ ဖြစ်ပြီး အစိုးရ နှင့် မည်သို့ မျှမပတ်သက်ပဲ တရားရုံး ၏ တရားစီရင် ရေးနှင့် သာသက်ဆိုင်သည် ဟုဆိုသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အား အင်းစိန်ထောင်တွင်း အပြီးသတ်လျှောက်လဲချက်ပေးသည့် ယနေ့ တွင် နိုင်ငံခြားသံရုံးများ လာရောက်ကြသည်။အင်းစိန် ထောင်ရှေ့တွင်မူ ဒေါ်အောင်ဆန်းစု
ကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ ပုဂ္ဂိုလ်များ လာရောက်စု ရုံးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ မဖိတ်ခေါ်ဘဲ ရောက်လာ သည့် ဧည့်သည် တစ်ယောက်ဖြစ်သည့် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော ရေကူးဝင်ရောက်ခဲ့မှုကြောင့် အင်းစိန်ထောင် တွင်း အမှုရင်ဆိုင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် သည် ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချတော့မည် ဟု နေ့ ရက်အတိအကျ ထွက်ပေါ်လာပြီးနောက် ရန်ကုန် မြို့ ကြီးမှ အိပ်မော ကျနေရမှ အသက်ဝင်လာ သကဲ့သို့  မည်သည့် နေရာတွင် မဆို ဒေါ်အောင်ဆန်းစုကြည် အား အမိန့် ချမှတ်တော့မည့် သတင်းအားပြောဆိုနေကြသည် ဟု ရန်ကုန် မြို့ မှ လက်ဝှေ့ အကျော် အမော် တစ်ဦးက Freedom News Group သို့ ပြောသည်။
ထင်ရှားသော နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ကလည်း ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ် တော့မည့် သတင်းသည် သူအား စစ်ထောက်လှမ်းရေးက ဖမ်းဆီး ပြီး ကျင်စက် ဖြင့် တို့ လိုက်သည် အခါက ကဲ့သို့ နာကျင်ရကြောင်း ပြောသည်။
