၂၉ ဇူလိုင် မဲဆောက် ၊ ၊Freedom News Group
DHF Break Out Refugee Camp and Burmese Migrant Workers

ထိုင်းနိုင်ငံ တခ် ခရိုင် အတွင်းရှိ မြန်မာ ဒုက္ခသည် စခန်းများဖြစ်သည့် မဲလ၊နို့ ဘိုး နှင့် အုံးဖျန် ဒုက္ခ
သည် စခန်းများတွင် ရာသီ အလိုက် ဖြစ်တတ်သော တုပ်ကွေးရောဂါ အပြင် သွေးလွန် တုပ်ကွေး ဖြစ်
ပွားသည့် လူနာ များပါ တွေ့ ရှိလာရ သဖြင့် စခန်းတွင် ဆေးရုံ များမှ တစ်ဆင့် မဲဆောက် ဆေးရုံအထိ
ပါတင် ပို့ ထားရကြောင်း မဲဆောက် ဆေးရုံကြီးမှ တာဝန် ရှိသူ တစ် ဦးက Freedom News Group
သို့ ပြောသည်။
ထိုင်းနိုင် ငံ အနောက် မြောက်ပိုင်းဒေသ များတွင် အဆက် မပြတ်ရွာသွန်းသည့် မိုးများကြောင့် ရာသီ
ဥတု ဆိုးရွားလာ ကာ စခန်းတွင်းနေ ထိုင်ကြသူများမှာ ညောင်းညာ ကိုက်ခဲ အဖျားတက် ၍ ကိုယ်
လက် မအီမသာ ဖြစ်ကြရာမှ တစ်ဆင့် တုပ်ကွေးရောဂါ ဖြစ်ပွားလာကြကြောင်း မဲလ စခန်း တွင်းနေ
ထိုင် သူ ကရင် ဒုက္ခသည် အမ်ျိုးသမီး တစ်ဦးက ပြောသည်။
နို့ ဘိုး နှင့် အုံးဖျံ ဒုက္ခသည် စခန်း များထက် မဲဆောက် မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ လူဦးရေ ထူထပ်သော မဲလ စခန်းတွင် တုပ်ကွေး နှင့် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ များပြားသည်။
မဲလ ဒုက္ခသည် စခန်းတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ ယခင် နှစ်များကထက်များပြားပြီး စခန်းတွင်းရှိ ဆေးရုံ သို့ လာရောက်ကုသ ခံသူ များအနက်မှ စိုးရိမ်ရသူ အချို့ ကို မဲဆောက်ဆေးရုံကြီးသို့ တင်ပို့ ထားရသည်။မဲလ ဒုက္ခသည် စခန်းတွင်းရှိဆေးရုံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားလှသောကြောင့် ဆေးရုံပင်မဆန့် ဟု ထိုစခန်းတွင်းရှိ ဆေးရုံမှ နေ၍ မဲဆောက် ဆေးရုံသို့ ပြောင်းရွှေ့လာသူ တစ်ဦးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ရှိ ဒုက္ခသည် စခန်းများ အပြင် မြန်မာ ရွှေ့ ပြောင်း အလုပ်သမား အများစု လာရောက် အလုပ် လုပ်ကိုင် ရာ မဲဆောက် မြို့ ရှိ စက်ရုံများ တွင်အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား အများစုမှာ လည်း တုပ်ကွေးရောဂါ များဖြစ်ပွားနေကြသောကြောင့် အလုပ်ပင်မဆင်းနိုင်၍ပုံမှန် ၀င်ငွေ မရ မှု များ ကျန်းမာရေး မကောင်း၍ အလုပ်နားရသော ၀န်ထမ်းများကို အလုပ်ရှင်ကအလုပ် ထုတ် ပစ်မှု များရှိနေသည် ဟု သိရသည်။
