၂၉ ဇူလိုင် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Activists Start Leaflet Distribute Campaign

နေအိမ် အကျယ်ချုပ် ဥပဒေ ချိုးဖောက် မှု ဟူသည့် စွပ်ဆွဲချက်ြn ဖင့်ရုံးတင်တရားစွဲဆိုခြင်းခံနေရ
သည့်ဒေါ်အောင်ဆန်းစုကြည် အား အမိန့် ချမှတ်ရန် ရက်ပိုင်းသာ အလိုတွင် မြန်မာ ပြည်သူလူထု
တစ်ရပ် လုံးမှာ ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းကိုသာစိတ်ဝင်စားရုံသာမက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ပတ်သက်၍ မည် သည့်လွတ်မြောက်ရေးမျိုးကို မဆို ပြုလုပ်သွားရန်
အစီအစဉ်ရှိကြောင်း ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) စည်းရုံး
ရေးကော် မတီ (ရန်ကုန်)မှ ကိုလှနိုင် က Freedom News Group သို့ ပြောသည်။
“လူတွေ ရဲ့ ခံစားချက် က ၂၀၀၇ တုန်းက လောင်စာဆီဈေးနှုန်း တက်လိုက် တုန်းက လို မဟုတ်
တော့ဘူး အရမ်းခံပြင်းမှု တွေ ပါဖြစ်ကုန်ကြပြီ ဒေါ်စု ကို ဖမ်းပြီးထောင်ချဖို့ လဲ လုပ်သေးတယ် သူ့ 
ပိုင်ဆိုင်တဲ့မြေ ကိုလည်း ထက်ဝက် ရောင်း လိုက် သေးတယ် ဆိုတော့ လူတွေ ကတော်တော် ပေါက်ကွဲနေကြပြီ ”ဟု ကိုလှနိုင် ကဆက်၍ ပြောသည်။
ယနေ့ (ကြာသပတေးနေ့ ) ရန်ကုန် မြို့ တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး လူငယ် အဖွဲ့ အစည်းများ မှ လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံဆော်စာများ နေရာ အနှံ ဝေငှ သည် ဆိုသောကြောင့် နေရာ အနှံ တွင် လုံခြုံရေး ၀န်ထမ်း များသာ မက အစိုးရရုံးဝန်ထမ်းများပါ ၎င်း တို့  နှင့် သက် ဆိုင် သည့် အလုပ် မဟုတ်ပဲ စောင့်ကြပ်နေရသည် ဟု
သိရသည်။
ဘားလမ်း ရှိ မြန်မာ့ စီးပွားရေး ဘဏ်ဝန်ထမ်း တစ်ဦးက မူ ပန်းဆိုးတန်း ဘဏ်နားမှ စာဝေ သွားတယ် ဆိုလို့  ညွှန်မှုးက လုံခြုံရေး တာဝန် ယူခိုင်းထားလို့ ထွက်စောင့် နေရတယ်ဗျာ ၊ကျွန်တော်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး ကျွန်တော် က ဘဏ်စာရေးပါ ဗျာ ရဲ မှ မဟုတ်တာ” ဟုသူက ညည်းညူပြောကြားသည်။
မိုးများသည်းသည်းမည်းမည်းရွာနေ သော ယနေ့ ညနေ ရန်ကုန် မြို့ မှ တိတ်ဆိတ် ခြောက်ကပ်လျှက်ရှိပြီး ၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးကမူ “ဒီနေ့ ပဲ အိတ်ဆောင် လှိုင်းတိုရေဒီယို လေး ၀ယ်လိုက်တယ် ဒေါ်စု သတင်း သိချင် လို့ ”ဟု သူ့ ဆန္ဒ ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ မှ ထောင်ဒဏ်ချမှတ်ခဲ့ပါ က စစ်အစိုးရ အနေဖြင့် မျှော်
လင့် မထားသည့် အကျိုးဆက် များကို ကြုံတွေ့ ရမည် ဟု ဆိုသည်။
