ဒေါ်အောင်ဆန်းစုကြည် ကို အကြောင်းပြု၍ ဆူပူဆန္ဒပြမှု များ မလုပ်ရန် စစ်အစိုးရ သတိပေး

၃၁ ဇူလိုင် ရန်ကုန်၊                    ၊ယူကွန်

Myanmar warns against protests ahead of trial verdict

ဇူလိုင်လ ၃၁ ရက် သောကြာနေ့ တွင်  ဒေါ်အောင်ဆန်းစုကြည် တရားရုံးမှ စီရင်ချက် ချမှတ်မည့် တစ် ရက် အလို ကြာသပတေးနေ့ ထုတ် မြန်မာ သတင်းစာများတွင် ဆူပူလှုပ်ရှား မှု များ မပြုလုပ်
ကြရန် ပြင်းထန် စွာသတိ ပေးထားသည်။

ယနေ့ ထုတ်မြန်မာ့ အလင်းသတင်းစာ တွင် “လမ်းပေါ်တွင် ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် နိုင်ငံရေး
အာဏာ ရရှိရန် လုပ်ဆောင်သူမျာကို ဒီမိုကရေစီ လိုလားသူများ ဟု မခေါ်ဆို နိုင်ကြောင်း နှင့် ၎င်း
တို့ ၏ လုပ်ဆောင်မှုများသည် လည်း ဒီမိုကရေစီ ကို သွေဖည် သော မင်းမဲ့စရိုက် ဆန်သည့် လုပ်
ဆောင် မှုမျိုးသာ ဖြစ်သည် ဟု ထည့် သွင်းဖေါ်ပြထားသည်။

ဒေါ်စု အားစီရင် ချက်ချမှတ် ရန် တစ်ရက် အလိုတွင် ရန်ကုန် မြို့ အနှံ့ စစ်တပ် နှင့် ရဲ အပါအ၀င် ကြံ့
ဖွတ်၊စွမ်းအားရှင် အစရှိသည့် လုံခြုံရေး အင်အားကို လည်း တိုး မြှင့်ချထားသည်။

ရန်ကုန် မြို့ တော်ခန်းမရှေ့ ၊ရွှေဂုံတိုင် ၊မြေနီကုန်း နှင့် သမိုင်း လမ်းဆုံစသည့် နေရာများတွင် အနည်း
ဆုံး စစ်ကား နှင့် ရဲကာ ငါးစီးခန့် ကို အများမြင်သာသောနေ ရာများတွင် အဆင်သင့် စောင့်ခိုင်းထား
သည် ကို တွေ့ ရသည် ဟု ရန်ကုန် စည်ပင် သာယာဝန်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ယမန်နေ့ ထုတ်မြန်မာ့ အလင်းသတင်းစာ တွင် လည်း ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ချမှတ်မည့်အမိိန့် ကို ခန့် မှန်းပြောဆိုခြင်းသည် တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည် ဟုဆို
သည်။