ဒေါ်အောင်ဆန်းစုကြည် အမိန့် ချမည့်နေ့ သြဂုတ်လ ၁၁ ရက်နေ့ သို့ ထပ်မံရွှေ့ဆိုင်း

၃၁ ဇူလိုင် ရန်ကုန်၊                      ၊Freedom News Group

Burma Court Delay Aung San Suu Kyi Verdict Until  11 August

အင်းစိန်ထောင်ရှေ့သို့ သွားရာလမ်းကို ပိတ်ဆို့ ထားသည်ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
အင်းစိန်ထောင်ရှေ့သို့ သွားရာလမ်းကို ပိတ်ဆို့ ထားသည်ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ

ရန်ကုန် မှ လာသော ရိုက်တာ သတင်းအရ ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ် မည့်နေ့ ကိုမူလတရားရုံးချိန်း နေ့ မှ ရွှေ့ဆိုင်းကာ သြဂုတ် လ ၁၁ ရက်နေ့ သို့ ရွှေ့ဆိုင်းလိုက်သည်။ယနေ့ အင်းစိန်ထောင် ရှေ့ သို့ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် တစ်ဦးက “ညကတည်းက သတင်းထွက် နေတယ် စာဝေတယ် ၊ဆန္ဒပြဖို့ ရှိနေ တယ် ၊ရှစ်လေးလုံး နှစ်ပတ်လည် နဲ့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် တို့ ရှိနေသေးလို့ အောက်တိုဘာလ လောက် ထိ အချိန်ဆွဲထားအုံးမှာ” ဟု Freedom News Group သို့ ပြောသည်။

ယနေ့ အင်းစိန်ထောင် အနီးတစ်ဝိုက် တွင်လုံခြုံရေးတင်းကျပ်စွာချထားသော် လည်း ဒေါ်အောင်ဆန်းစုကြည် အားထောက်ခံသူ ငါးရာခန့် စုရုံးခဲ့သည် ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးလှုပ်ရှား သူ အယောက် နှစ်ဆယ်ထက်မနည်းကို ယမန်
နေ့ က ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိသည်။ “လူတွေ က ပေါက်ကွဲလုနီးနီး ပဲ တကယ် လူထုကို မှန်
မှန် ကန်ကန် နဲ့ ခေါင်းဆောင် မှု ပေးနိုင်မယ့် သူတစ်ယောက်ရှိ ဖို့ ပဲလိုတယ်”ဟု အင်းစိန် ဈေးမှ ဈေး
သည် တစ်ဦးက ပြောသည်။