၎ ဇူလိုင် ဘန်ကောက် ၊ ၊အေပီသတင်း
Clinton to talk Nuke and Journalists in North Korea Prison

အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်တို့ နှစ်ဦး မြို့တော် ပြုံးယမ် တွင်တွေ့ ဆုံခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနမှ ယနေ့ ကြေညာခဲ့သည်။
သမ္မတ ဟောင်းစီးနင်းလိုက်ပါလာသော လေယာဉ် ပြုံးယမ်လေဆိပ် သို့ ရောက်ရှိချိန်တွင် နိုင်ငံခေါင်းဆောင် တစ်ဦးကဲ့သို့ ကြိုဆိုခဲ့ပြီး လေယာဉ်ပေါ်မှဆင်းလာသော ကလင်တန်ကို ကျောင်းသူလေးများက ပန်းဆီးပေးအပ်ကြပြီး ဒုနိုင်ငံခြားရေးဝန်ကြီး ကင်ကျယ်ဂွမ်က လာရောက်ကြိုဆိုခဲ့သည်။
အမေရိကန် သမ္မတဟောင်းဘီကလင်တန် ၏ မြောက်ကိုရီးယားခရီးစဉ်၏ အဓိက အကြောင်းအရင်းမှာ ဖမ်းဆီးထားသော အမေရိကန် သတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးရန် ဟု ဆိုသော်လည်းအကဲခတ်များက ပြုံးယမ် နှင့် ၀ါရှင်တန် သံတမန် ဆက်ဆံရေး ၊တင်းမာမှုလျှော့ချရေး နှင့် ညူလက်နက် အစီအစဉ်များပါဝင်သည် ဟု ဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် နှင့် နောက်ဆုံးတွေ့ ဆုံခဲ့သည့် အမေရိကန် ခေါင်းဆောင်မှာ ၂၀၀၀ ပြည့်နှစ်က ကလင်တန် သမ္မတ အဖြစ်တာဝန် ထမ်းဆောင်နေစဉ် နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင် သည့် မယ်ဒလင်းအောဘရိုက် ဖြစ်သည်။
ပြုံးယမ် နိုင်ငံတော် ဧည့်ရိပ်သာတွင် ကင်ဂျုံအီလ် နှင့် ကလင်တန် တို့  နှစ်ဦး တွေ့ ဆုံစဉ် မြောက်ကိုရီးယားက ဖမ်းဆီး၍ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးထားသော သမ္မတဟောင်း အယ်(လ)ဂိုး၏ ရုပ်သံမှ သတင်းထောက် အမျိုးသမီးနှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက်
ဆွေးနွေးခဲ့ကြသည် ဟု မြောက်ကိုရီးယားရုပ်သံမှ ကြေညာသည်။
သမ္မတဟောင်း ဂျင်မီကာတာသည် ၁၉၉၄ ခုနှစ်က အမေရိကန် သမ္မတ ဟောင်းတစ်ဦးအဖြစ်
အထီးကျန် ကွန်မြုနစ် မြောက်ကိုရီးယားသို့ ပထမ ဦးဆုံးလာရောက် လည်ပတ်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ကလင်တန် ၏ မြောက်ကိုရီးယား ခရီးစဉ်သည် အိမ်ဖြုတော် နှင့် ပတ်သက်မှု မရှိသော ၎င်း၏ ပုဂ္ဂလ ခရီးစဉ်သာ ဖြစ်ကြောင်းပြောသော် လည်း နှစ်ဖက် စလုံးက မည်သည့် အကြောင်းများ ဆွေးနွေးခဲ့သည် ဟု ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးချေ။
လော်ရာ လင်း ၃၂ နှစ် နှင့် အွန်နာ လီ ၃၆ နှစ် အရွယ်ရှိ အမေရိကန် သတင်းထောက် နှစ်ဦးကို
မတ်လ ၁ရ ရက်နေ့ က မြောက်ကိုးရီးယား နယ်စပ်တွင် ကိုရီးယား စစ်တပ်က ဖမ်းဆီးခဲ့သည်။
