၎ သြဂုတ် ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
Ameriacan Intruder in Burma Hospitalized
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းသို့ ရေကူးဝင်ရောက်လာမှု ကြောင့် ဖမ်းဆီးထိန်းသိမ်း၍ တရား စွဲဆိုခြင်းခံနေရသူ အမေရိကန် နိုင်ငံသားဂျွန်ဝီလျှံ ယက်ထော သည် ယမန်နေ့ ညက အင်းစိန်
ထောင်းတွင်းဆေးရုံ တွင် သတိလစ်မေ့မျော မှု ဖြစ်စဉ်ကြောင့် ရန်ကုန်ဆေးရုံကြီး ဥဏှောက် နှင့် အာရုံကြောဌာန သို့ တက်ရောက်ကုသခံနေရ သည် ဟု သတင်းရရှိသည်။
အသက် ၅၃ နှစ် အရွယ်ရှိ ဂျွန်ဝီလျှံ ယက်ထော တက်ရောက်ကုသခံနေရသည့် ရန်ကုန် ဆေးရုံကြီး
သို့  အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ချို့ သွားရောက်တွေ့ ဆုံခွင့်ရခဲ့သည် ဟု ရန်ကုန်ဆေးရုံကြီး
မှ တာဝန်ကျ ဆရာဝန်တစ်ဦးက Freedom News Group သို့ ပြောသည်။
ယက်တော သည် ဘာသာရေးယုံကြည်ချက် တစ်ခုကြောင့် ရံဖန်ရံခါတွင် ရက်ပေါင်းများစွာ အစာမစားပဲနေလေ့ရှိသည်။စစ်မှုထမ်းတာဝန်ထမ်းဆောင်စဉ် ကတည်းက ၀က်ရူးပြန်ရောဂါ ရှိနေခြင်းကြောင့် ယခုအချိန်ထိ အမေရိကန် ကြည်းတပ် မှ အငြိမ်းစားလစာငွေ ၃၁၇၅ ဒေါ်လာ ကို
ခံစားခွင့်ရှိသူ ဖြစ်သည်။
ဂျွန်ဝီလျှံ ယက်ထောသည် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့် ပုဒ်မ ၂၂ အပြင် အခြားပုဒ်မ များ နှင့် လည်း တရားစွဲဆိုခံထားရသူဖြစ်သည်။
