၅ သြဂုတ် မဲဆောက် ၊ ၊စပယ်ထွန်း
Maesot Under Attacks

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ရှိမြန်မာ့ ဒီမိုကရေစီ အတိုက်အခံတို့ ကို စစ်အစိုးရက ဗျူဟာသစ်သုံး၍ ထိုးနှက်တိုက်ခိုက်မှုများရှိလာခဲ့သည်။“အရင်တုန်းက ဆိုရင် လုပ်ကြံတာ တို့  ကားပေါ်မေ့ဆေး နဲ့ ခေါ်ပြီး မြန်မာ ဘက်ကမ်းကိုဖမ်းသွားတာ မျိုးတွေရှိတယ် လေ အခု တော့ထိုင်း ဥပဒေ နဲ့ ညိစွန်းတဲ့ ပစ္စည်းတွေ ကို အတိုက်အခံတွေ စီးတဲ့ကား၊ဆိုင်ကယ် နဲ့ နေအိမ်ဝင်းထဲ ပစ်ချပြီး ထိုင်းရဲလက် ကိုတို့ လိုက်တာ တို့ လုပ်နေကြပြီ အခုအတော် သတိ ထားနေရတယ် လို့ မဲဆောက်ရှိ ဗကသ နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ ဝင်တစ် ဦးက Freedom News Group သို့ ပြောသည်။
စစ်အစိုးရသူလျှိုဒလန်နှင့်သတင်းပေးများသည်ရွှေဝါရောင်တော်လှန်ရေးကာလနောက်ပိုင်းက
တည်း မဲဆောက်ရှိ မြန်မာ အတိုက်အခံ တို့ ၏ လှုပ်ရှားမှု သတင်းများ နှင့် တိုင်းရင်းသား အဖွဲ့ များ၏ လှုပ်ရှားမှု သတင်းများကို စုဆောင်း နအဖ ထံ အစီရင်ခံတင်ပို့ လေ့ရှိသည်။
မဲဆောက် သို့ ထိုးဖောက်ဝင်ရောက် လာသည့် စစ်အစိုးရ ဒလန် များသည် အတိုက်အခံတို့ အသုံးပြုသော မော်တော်ဆိုင်ကယ် ၊လက်ကိုင် အိတ် စသည် တို့ တွင် ဒေသအခေါ်မြင်းဆေး ဆိုသည့် ယာဘ စိတ်ကြွဆေးပျားများ ကို ကာယကံရှင် မသိအောင် ထည့် သွင်းပေးလိုက်ပြီးနောက် ထိုင်းရဲ ကို ဖုန်းဆက်ကာ မော်တော်ဆိုင်ကယ် နံပါတ် အင်္ကျီအရောင် စသဖြင့် အသေးစိတ် ပြောကာထောင်ချောက်ဆင်၍ လက်တို့ သည်။
မဲဆောက်ရှိ ထိုင်းလူမျိုးဈေးသည် တစ်ဦးက မူ “မြင်းဆေး အကြောင်း ရဲကို ပြည်သူတစ်ယောက် အနေ နဲ့ သတင်းပေးရင် ရဲက ဖမ်းရတယ်လေ ၊မဖမ်းရင် ရဲပါ အလုပ်ပြုတ်မှာ ကို”ဟု ပြောသည်။
စစ်အစိုးရ သူလျှိုဒလန် တစ်ဦး ၏ လက်ချက်ကြောင် သီတင်းတစ်ပတ်ကျော်ခန့့် မဲဆောက်ရှိ တိုင်းရင်းသား အဖွဲ့ အစည်းတစ်ဖွဲ့ မှ လူငယ် တစ်ဦးမှာ မြင်းဆေး ၂၃ လုံး နှင့် အတူ မိ၍ မဲဆောက်ရဲက ဖမ်းဆီးကာ တရားစွဲဆိုခြင်းပင် ခံရသည်။
ထိုလူငယ်မှာမူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ကြောင်းတရားရုံးကယုံကြည်၍ပြန်လည်လွှတ်ပေးခဲ့
သော်လည်း မဲဆောက်ရှိ မြန်မာ အတိုက် အခံ များအတွက် သတိထားရမည့်အရေး ကိစ္စ ဖြစ်
သည် ဟု ထိုလူငယ် ကပြောသည်။“ကိုလိုနီ ခောတ်က လို ပုလိပ်တွေ က မျိုးချစ် နိုင်ငံရေးသမားတွေ အိမ်ကို ဘိန်းပစ်ဖမ်းတာပေါ့ ”ဟု မဲဆောက်ရှိ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကိုသီဟ ပြောသည်။
ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နှင့် ရွှေဝါရောင် တော်လှန် နှစ်ပတ်လည်များရှိခြင်း ပြည်တွင်းတွင် လည်းဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီးတရားစွဲ ဆိုထားသောကြောင့် မငြိမ်မသက် ဖြစ်ကာ လူထု အုံကြွမှုများ ပေါ်ပေါက် လာမှုများကို ထိတ်လန့်  သဖြင့် ဇူလိုင်လနှောင်းပိုင်းမှ စ၍ မဲဆောက် ရှိ ဒီမိုကရေစီ အတိုက်အခံ တို့ ကို ပိုမို စောင့်ကြည့် မှုများရှိလာသည်။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ကလုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ အထွေထွေ အတွင်းရေးမှုးဖြစ်သူ ဖဒိုမန်းရှာလဖန်းသေဆုံးမှု သည် စစ်အစိုးရ၏ လက်
ချက် နှင့် ဒီကေဘီအေ ၏ ပူးပေါင်းကြံစည်မှု ဟု လှုပ်ရှားတက်ကြွသူများက ထင်မြင်ယူဆကြသည်။
မဲဆောက်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆန္ဒပြမှုများ ဖြစ်ပွားပြီးကတည်းက မြန်မာ နယ်နမိတ် နှင့် ထိစပ်နေသော မဲဆောက်ရှိ အတိုက်အခံ တို့ ကို
စစ်အစိုးရမှ သတိဖြင့် စောင့်ကြည့် နေခဲ့သည်။
မဲဆောက်တွင် မြန်မာအတိုက်အခံ ရုံးပေါင်း တစ်ရာကျော်ရှိပြီး တိုင်းရင်းသားအဖွဲ့ များနှင့် ဆိုပါက နှစ်ရာကျော်ရှိသည်။

ကျွန်တော် တစ်ခုလောက်မေးချင်တာက
အခု နိုင်ငံတိုင်းမှာ နိုင်ငံရေးအဖွဲ့ အစည်းတွေ ဒီလောက်များနေတာ စုစည်းမှု့ မရှိတဲ့  ပြန့် ကျဲနေတဲ့ 
ပုံစံတစ်ခုမဟုတ်လား။