၅ သြဂုတ် ရန်ကုန် ၊ ၊ယူကွန်
Moviegoers Watch Veteran Actor Kyaw Thu Plays Movie
သမ္မတ ၊သွင် နှင့် မင်္ဂလာ ရပ်ရှင် ရုံများတွင် ရုံတင် ပြသနေသည့် သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်
ဆောင်ထားသော အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်းမရှိစေရ ဆိုသည့် ရုပ်ရှင် ကားမှ အထူးပင်လူကြိုက်များလှကြောင်း မင်္ဂလာ ရုပ်ရှင်ရုံ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။
ထိုဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူ နှင့် အတူ ခန့် စည်သူ၊မင်းထက်ကျော်ဇင်၊မေသန်းနူ၊မေသ
ဉ္စာဦး ၊ပန်းဖြူ ၊ဇော်ဝမ်း၊ ထွန်းထွန်း နိုင် ၊မျိုးသန္တာထွန်း နှင့် ၀ိုင်းစုခိုင် သိန်းစသည့် နာမည်ကျော်
သရုပ် ဆောင်များစွာ ပါဝင် သရုပ်ဆောင် ထားကြသည်။
ထိုဇာတ်ကားကို ဇူလိုင်လ ၃၁ ရက်နေ့ မှ စတင်ပြသခဲ့ရာ မိုးသည်းထန်စွာရွာသွန်း သည့်နေ့ များမှာ
ပင် လာရောက်ကြည့်ရှုသူများ သဖြင့် လက်မှတ်မှောင် ခိုရောင်းသမားများက ၈၀၀ ကျပ်တန် ထိုင်ခုံ
လက်မှတ်ကို ၁၅၀၀ နှင့် ပြန်လည်ရောင်းချကြသည်။
အချစ် ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ ဇာတ်ကားကို သံသရာ စက်ဝန်းတစ်နေရာရာ ဇာတ်ကား ဖြင့် နာမည်ရလာသည့် ဒါရိုက်တာ ချိုတူးဇော်က ရိုက်ကူးထားသည်။ဝမ်းဖိုးဖိုက် ရုပ်ရှင်
နှင့် ဗီဒီယိုထုတ် လုပ်ရေး ကထုတ် လုပ်ထားပြီး စာရေးဆရာ မင်းလူ ၏ ၀တ္ထုဖြစ်သည်။

သတင်း ရက်စွဲက သြဂုတ်လ ၅ ၂၀၀၉ ခု လို့ တွေ့ရပါတယ်။
သို့သော် – သတင်းထဲ၌ ကျော်သူ ရုပ်ရှင်ကို သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ပြသခဲ့ရာ – ဆိုတော့ နည်းနည်း လည်သွားတယ်။
သတင်းထဲက ကျော်သူရဲ့ ရုပ်ရှင် ပြခဲ့တဲ့ ရက်အတိအကျ လေးများ ပြောနိုင်မလားလို့ပါဗျာ။
ပြန်ပြင်လိုက်ပါပြီ ဇူလိုင်လ ၃၁ ရက် နေ့ ပါအခုလိုထောက်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။