အမျိုးသားစာ ကြည့်တိုက် အဆောက်အဦအား ဦးပိုင်မှ သိမ်းပိုက်
၆ သြဂုတ် ရန်ကုန် ၊                    ၊တင်ကျော်ကျော်စိုး
Where’s National Libraries in Burma ?
အမျိုးသားစာကြည့်တိုက် အဆောက်အဦ Photo:MMTHINKER Blog
အမျိုးသားစာကြည့်တိုက် အဆောက်အဦ Photo:MMTHINKER Blog
နီယမ် အဆောက်အဦ တစ်ခု ကို လာမည့် ငါးနှစ်အတွင်း အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
အမျိုးသားစာကြည့်တိုက် အဆောက်အဦ နှင့် မြေနေရာ ကို မူလတန်ဖိုး ထက် နှစ်ဆယ့် ငါးရာခိုင်နှုန်း လျှော့၍ ကျပ်ငွေ သန်း ကိုးသောင်း ကျော်ဖြင့် စီးပွားရေး ဦးပိုင် ကရရှိသွားခြင်းဖြစ်သည်။
ရန်ကုန်မြို့ မှ နာမည် ကျော် ဆောက်လုပ်ရေး လုပ်ငန်း ရှင် တစ်ဦးက “ဒီနေရာ ကို အပျံ့ စားကွန်ဒိုမီနီယံဆောက်မှာ စင်္ကာပူ က အဆင့်မြင့် ကွန်ပလက်(စ)တွေ လို ရွေးကောက်ပွဲ ချောမွေ့ အောင် လုပ်ပေး တဲ့သူတွေ ကို ဂုဏ်ပြုသော အားဖြင့် ပါမစ်ချပေးပြီး ဒီအခန်းတွေကို ရောင်းမယ်ဆိုတယ်။ဘယ်ကို ကန်ထရိုက်ပေးမလဲ တော့ မသိဘူး” ဟု Freedom News Group သို့ ပြောသည်။
အမျိုးသားစာကြည့် တိုက်မှာ အသုံးမပြုတော့ ပြီ ဖြစ်သော ယခင်တာမွေ သချိုင်္င်းနေရာတွင် တည်
ဆောက်ထားခြင်း ဖြစ်သည်။ထိုနေရာ နှင့် ဘတ် (စ)ကား နှစ်မှတ်တိုင် အကွာရှိ အမြှောက်တပ် ခေါ်
ဘောက်ထော် စစ်မှတ်တမ်းရုံးနေ ရာမှာ လည်း ၂၀၀၆ ခု နှစ်ကတည်းက ဖျက်သိမ်းခံရပြီး ထူးထရေး
ဒင်းမှ လွှဲပြောင်းရယူ ထားသည် ဟု သိရသည်။
အမျိုးသား စာကြည့်တိုက် အဆောက် အဦ မှာ ၂၀၀၈ ခုနှစ်မေလ နာဂစ် လေမုန်တိုင်း တိုက်ခတ်စဉ်
အခါက ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။အမျိုးသားစာကြည့် တိုက် တွင် မြန်မာ လူမျိုးတို့ အတွက် အဖိုး မဖြတ် နိုင်သည့် စာပေ ယဉ်ကျေးမှု အနုလက်ရာများကို စုစည်းထားခြင်းဖြစ်သည်။