၁၁ သြဂုတ် ရန်ကုန် ၊ ၊စံပယ်ထွန်း
Yettaw Leaves Hospital

ဝက်ရူးပြန် ရောဂါကြောင့် အင်းစိန်ထောင်တွင်းရှိဆေးရုံမှရန်ကုန်ဆေးရုံကြီး ဦးဏှောက် နှင့် အာရုံကြောဌာန သို့ တက်ရောက်ကုသခံနေရသည့်အမေရိကန်နိုင်ငံသားဂျွန်ဝီလျှံယက်တောမှာကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်သဖြင့် တနင်္လာနေ့ ည ရှစ်နာရီအချိန်ခန့် က ဆေးရုံမှ ဆင်းကာ အင်းစိန် ထောင် သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
အင်းစိန် ထောင်တွင်းမူးလဲသဖြင့် ယခင်အပတ်က ရန်ကုန်ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသခံထားရသူ ယက်တောမှာ အင်းစိန်ထောင် တွင်း ယနေ့ စီရင်ချမှတ်ရန် အတွက် တရားရုံးကချိန်းဆိုထားသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ကဒေါ်အောင်ဆန်းစုကြည် အား စီရင်ချက်ချမှတ်ရန် အတွက်တရားရုံးမှဆင့်ခေါ်ထားသော်လည်း အမှုဖြစ်စဉ်အားပြန်လည် သုံးသပ်ရန် အတွက် ဟုဆိုကာသြဂုတ်လ ၁၁ ရက်နေ့ သို့ ရွှေ့ဆိုင်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အားစီရင်ချက်ချမှတ်မည့် တစ်ရက် အလိုတွင်စစ်အစိုးရ အာဘော်သတင်းစာများ ဉ် ဆန္ဒပြခြင်း၊လှုံဆော်စည်းရူံခြင်းများပြုလုပ်ပြီး အာဏာကို ဖြတ်လမ်းမှ အချောင်ရရှိရန် မကြိုးစားသင့်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီ ကို အာဏာလွှဲပြောင်း မပေးသည့် စစ်အစိုးရကသူ၏ သဘောထားကို ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အားရုံးတင် တရားစွဲဆို ထားခြင်းအပေါ် မြန်မာပြည်သူ လူထုက စိတ်ဝင်
စားလျှက်ရှိလာသည့် အပြင် နိုင်ငံရေးလှုပ်ရှားမှု များပေါ်ပေါက်လာမည် ဆိုးသောကြောင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် အပြစ်ပေးရန် ရဲဝံခြင်းမရှိ ဟု ရန်ကုန် အခြေစိုက်ဝါရင့်နိုင် ငံရေးသမားတစ်ဦးက Freedom News Group သို့ ပြောသည်။
ရန်ကုန် မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ်မည့် ရက်မတိုင်ခင်မှ စ၍ တယ်လီဖုန်း
လိုင်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများမှာ ပိုမိုနှေးကွေးသွားသည်။
