၁၁ သြဂုတ် ဘန်ကောက် ၊ ၊Freedom News Group
Myanmar Sentence Draws International Criticism

ဒေါ်အောင်ဆန်းစုကြည် အားယနေ့ မြောက်ပိုင်းခရိုင် ထောင်တွင်းတရားရုံးမှ ပြစ်ဒဏ် ချမှတ် လိုက်
ခြင်းအပေါ် နိုင်ငံတကာ ခေါင်းဆောင်များက တညီတညွတ်တည်း ကန့် ကွက်ခဲ့ကြသည်။ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း ကမြန်မာ နိုင်ငံအပေါ် လက်နက်တင်ပို့ မှု ပိတ်ဆို့ မှုလုပ်ရန် အတွက်စတင်ဆော်သြသည်။
ဥရောပ သမဂ္ဂ နှင့် ပြင်သစ် သမ္မတ ဆာကိုဇီက လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ဖြင့်ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှ လျှော်ညီ မှု မရှိသည့် အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။
အာဖရိက တိုက် ကွန်ဂို နိုင်ငံ ဂိုမာ မြို့ တွင်ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီ
လာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည် အား ချမှတ်ထားသော ပြစ်ဒဏ်များသည် စစ်အာဏာရှင် တို့ ၏ ဒီမိုကရေစီ လိုလားသူများ အပေါ်ဖိနှိပ်ညှင်းပန်းခြင်း တစ်မျိုးဖြစ် သောကြောင့် အမြန် ဆုံးပြန် လွှတ်ပေးရန် တိုက်တွန်းထားသည်။
အဖွဲ့ဝင် ၂၅ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ နှင့် ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ် ဘန်
ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား ပြန်လည် လွှတ်ပေးရေး စစ်အစိုး ရအနေဖြင့် ဒေါ်စု နှင့် အမြန် ဆုံးတွေ ဆုံပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်
တို့ ကို အကောင်အထည် ဖေါ်ကြရန် တိုက်တွန်း တောင်းဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် အားနေ အိမ်အကျယ်ချုပ် ဥပဒေ ချိုးဖောက်သည် ဟု စွပ်ဆွဲချက်ဖြင့် ထောင်ဒဏ်သုံး နှစ် အပြစ် ပေးခံရပြီးနောက် နိုင်ငံတကာမှ စစ်အစိုးရ ၏ တရားစီရင်ရေး နှင့် ပတ်
သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
