ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် နေ့ အာရုံတက်ချိန် တွင် ငလျှင်လှုပ်ခတ်မှုဖြစ်ပွား

၁၁ သြဂုတ် ရန်ကုန် ၊                       ၊ယူကွန်

Earth Quake Hit Rangoon and Delta Region

အင်အားအသင့်အတင့်ရှိ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားခဲ့သည့် ပန်းဆိုးတန်းလမ်းရှိ ဗဟိုတရားရုံးချုပ် ဓာတ်ပုံ-အေပီ
အင်အားအသင့်အတင့်ရှိ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားခဲ့သည့် ပန်းဆိုးတန်းလမ်းရှိ ဗဟိုတရားရုံးချုပ် ဓာတ်ပုံ-အေပီ

သြဂုတ် လ ၁၁ ရက်နေ့ နံနက် နှစ်နာရီခွဲ အချိန်ခန့်က ရစ်ခ်ျတာစကေး အင်အား ၇.၆ အဆင့် ရှိသော မြေငလျှင်တစ်ခုမှာဘင်္ဂလားပင်လယ်အော်ထဲရှိအက်ဒမန်ကျွန်းမြောက်ဘက်(ကိုကိုးကျွန်းအ
နောက်တောင်ဘက်)နေရာကို ဗဟိုပြု၍လှုပ်ခတ်သွားကြောင်းသိရသည်။

ပုသိမ်မြို့ ၏ အနောက်တောင်ဘက် ၂၂၅ မိုင်ခန့် အကွာနေရာကို ဗဟိုပြု၍ လူပ်ခြင်းဖြစ် ဓာတ်ပုံ - စီအန်အန်
ပုသိမ်မြို့ ၏ အနောက်တောင်ဘက် ၂၂၅ မိုင်ခန့် အကွာနေရာကို ဗဟိုပြု၍ လူပ်ခြင်းဖြစ် ဓာတ်ပုံ - စီအန်အန်

ထိုငလျှင် လှုပ်ခတ် သည့် အရှိန် ကြောင့် ရန်ကုန် နှင့် ဧရာဝတီ တိုင်းများတွင် ညနက်သန်းခေါင်ချိန်အိပ်ပျော်နေ သူများပင် လန့် နိုးလာကြောင်းသိရသည်။ ရန်ကုန်မြို့ တွင်မူ ကန်ထရိုက် တိုက် နှင့် အထပ်မြင့် အဆောက်အဦများတွင် နေသူများမှာ သိသာသည့် ငလျှင်လှုပ်မှု ဒဏ်ကို ခံစားရကြောင်းFreedom News Group သို့ ပြောသည်။

ငလျှင်လှုပ်ခတ်မှုကြောင့်ပြင်ဆင်လျှက် ရှိသော ပန်းဆိုးတန်းလမ်း ရှိ တရားရုံးချုပ်မှာ ငြမ်းများ
ကွာကျပြီး အနည်းငယ်ပျက်စီးသွားသည် ဟု ပန်းဆိုးတန်းလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ညသန်းခေါင် ကျော် ငလျှင်လှုပ်ခတ် မှုကြောင့် ကန်ထရိုက်တိုက်တွင် နေထိုင်သူ အချို့ မှ ဆက်လက်အိပ်စက်ခြင်းမပြုရဲတော့ သဖြင့် လမ်းမများပေါ်တွင် ထွက်၍ ထိုင်ကြသူများ စမ်းချောင်း၊ကျောက်မြောင်း နှင့် မင်္ဂလာတောင်ညွန့် အနီးတ၀ိုက် တွင် ရှိသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့်
စစ်အစိုးရက ဖမ်းဆီးတရားစွဲ ဆိုထားပြီး ယနေ့  အမိန့် ချမှတ်မည့် နေတွင် ငလျှင်လှုပ်ခတ်ခဲ့ခြင်း
ဖြစ်သည်။

ယနေ့ လှုပ်ခတ်ခဲ့သည့် ငလျှင်၏ ပြင်းအားမှာ အင်အား ၇.၆ ရစ်ခ်ျတာ စကေးရှိသည့် အတွက်
ဆူနာမီ ဖြစ်ပေါ်နိုင်သည် ဟူ သော သတိပေးချက်များမှာ လည်း ကမ်းရိုးတန်း တ၀ိုက် တွင်ပေါ်
ထွက်နေသည်။

အက်ဒမန် ကျွန်း အနီး ငလျှင် လှုပ်ခတ်ပြီး ၁၂ မိနစ် ခန့် အကွာတွင် တိုင်ဖွန်း မုန် တိုင်းတိုက် တိုက်ခတ်နေသည့် ဂျပန် နိုင်ငံ အနီး တွင်လည်း အင်အား ၆.၄ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျှင်
တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ရေတပ် နှင့် ဘူမိလ့လာရေးဌာန ကသတင်းထုတ်ပြန်
သည်။

ထိုငလျှင် လှုပ်ခတ်မှု ဒဏ်ကို ရန်ကုန် နှင့် ဧရာဝတီတိုင်းသာ မက ပဲခူး နှင့် မော်လမြိုင်မြို့ များတွင် လည်း ခံစားခဲ့ရသည်။