ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံပြစ်ဒဏ် ကာလတွင်နေအိမ်အကျယ်ချုပ်ဖြင့် ၁၈ လနေ ရမည်

၁၁ သြဂုတ် ရန်ကုန် ၊                       ၊တင်ကျော်ကျော်စိုး

Myanmar’s Aung San Suu Kyi gets 18 months under house arrest

မေလ ၂၀ ရက်နေ့ ကတရားရုံးချိန်းတွင်တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၀ ရက်နေ့ ကတရားရုံးချိန်းတွင်တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည်

အင်းစိန်ထောင်တွင်း နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တရားရုံး မှ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်
သုံး နှစ် ချမှတ် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အားစီရင် ချက် ချမှတ်ပြီးနောက် တရားရုံးအပြင် သို့ ပြည်ထဲရေးဝန်ကြီး
ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာကာ မြန်မာ စစ်အစိုးရ ခေါင်းဆောင် အမိန့် ဖြင့် တစ်နှစ်ခွဲ လျှော့ ချ
ပြီးနောက် ကျန် ရှိနေ သော တစ်နှစ်ခွဲ ကို နေအိမ် အကျယ်ချုပ်ဖြင့်နေရန် ယနေ့ တရားရုံးမှ စီရင်
ချက်ချမှတ် လိုက်သည်။

ဆိုင်းငံပြစ်ဒဏ် ကာလတွင် ဒေါ်အောင်ဆန်းစုကြည် မှာ သူမ၏ နေ အိမ်တွင် ထိုပြစ်ဒဏ်ကို ခံယူနိုင်သည် ဟု တရားရုံး၏ စီရင်ချက် အမိန့် တွင်ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည်နေအိမ်အကျယ်ချုပ် ဖောက်ဖျက် ကျုးလွန်ခြင်း  ပြစ်မှု ထင်ရှား
သဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ် ရခြင်းဖြစ်သည် ဟု အမိန့် ချကာနီးတွင် တရားသူကြီးတစ်ဦး
ကဖတ်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းသို့ ရေကူးဝင်ရောက် လာသူ ဂျွန်ဝီလျှံ ယက်တောမှာ မူ
အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ခုနှစ် နှစ်ချမှတ်ခံရသည်။

နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ဖြင့် တစ် နှစ်ခွဲနေထိုင် ရမည် ဖြစ်သဖြင့်ဒေါ်အောင်ဆန်းစုကြည်
သည် ၂၀၁၀ တွင်ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင်နိုင်ခြင်းမရှိတော့ ဟု မြန်မာဒီမိုကရေစီ
လှုပ်ရှားသူ တစ်ဦးကပြောသည်။