တက္ကသိုလ်ရိပ်သာ လမ်းကိုပြန်လည်ပိတ်ဆို့၊နေအိမ်အကျယ်ချုပ်ကာလ အတွင်းကန့် သတ်ချက်များဖြင့်သာ နေထိုင်ရမည်

၁၁ သြဂုတ် အင်းစိန်၊                    ၊ယူကွန်

Aung Sann Suu Kyi Return To House Arrest

အင်းစိန်ထောင်တွင်းမှ သံတမန်ကားများပြန်ထွက်လာစဉ် ဓာတ်ပုံ-အေပီ
အင်းစိန်ထောင်တွင်းမှ သံတမန်ကားများပြန်ထွက်လာစဉ် ဓာတ်ပုံ-အေပီ

တရားရုံး၏ စီရင်ချက်ချပြီးနောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရောက်ရှိ လာကာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထံမှ စာ ကို ဒေါ်အောင်ဆန်းစုကြည် အားဖတ်ပြရာဉ် အကယ်၍ ပြစ်ဒဏ်
ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက်များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်
အရေးများအတွက် စာရေးသား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည် ဟု မဇ္ဖိုမ သတင်းတစ်ရပ်တွင်ေ ဖ်ါပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရက်ပေါင်း ၆၀ အတွင်း အယူခံတင်ပိုင်ခွင့်ရှိသည်။ယနေ့ ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ်ရာ အင်းစိန် ထောင် အနီးတ၀ိုက် တွင် စုရုံးကြသော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင်များကို ခေတ္တဖမ်းဆီးခဲ့သည်။

Myanmar Opposition Leaderနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အသက်ပေးယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေရေးအတွက်လည်းကောင်း ရည်စူး၍ မိမိ၏လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာထောက်ထားညှာတာမှု ထားခဲ့သည် မြန်မာ့ ရုပ်မြင်သံကြားသတင်းတွင် ဖေါ်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အား ယနေ့ ချမှတ် သောပစ်ဒဏ်ကြောင့် ၂၀၁၀ တွင်ကျင်းပမည့် ရွေးကောက် ပွဲ တွင်ပါဝင်ယှဉ်ပြိုင်နိုင်တော့ မည် မဟုတ် ဟု တတိယ နိုင်ငံရေး အုပ်စု သတင်းရပ်
ကွက်က ဆိုသည်။

အမေရိကန် နှင့် ဥရောပ သမဂ္ဂက သူမကို ပြန်လွှတ်ပေးရန် တောင်းဆို ထားသည်။ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ညနေ လေးနာရီ တွင် အစောင့် ရဲ ယဉ်တန်းဖြင့်
သူမ၏ နေအိမ် သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

One thought on “တက္ကသိုလ်ရိပ်သာ လမ်းကိုပြန်လည်ပိတ်ဆို့၊နေအိမ်အကျယ်ချုပ်ကာလ အတွင်းကန့် သတ်ချက်များဖြင့်သာ နေထိုင်ရမည်

  1. နင်တို့တွေတနေ့ကျရင်နင်တို့လုပ်ရပ်ကြောင့် နင်တို့လဲထောင်ထဲပြန်ဝင်ရမှာ အသေဆိုးနဲ့သေမယ့်ဟာတွေနင့်တို့ကြောင့်ပြည်သူတွေထိခိုက်နစ်နာတာသိလား

Comments are closed.